Unicode
အလင်းရောင်ကို အမှောင်ထုက တဖြည်းဖြည်း ဝါးမြိုသွားသည်နောက် တောမြိုင်တစ်ခုလုံး ပိန်းပိတ်အောင်မှောင်သွား၏ ။ မီးဖိုထားသောနေရာ၀န်းကျင်၌သာ အလင်းရောင်ရှိသည် ။ ၀မ်ရိပေါ်က မီးစာထိုးရင်း မလှမ်းမကမ်းရှိ သစ်တုံးပေါ်တွင် တည်ငြိမ်စွာထိုင်နေသည့် အိမ်ရှေ့စံကို လှမ်းကြည့်မိသည် ။
ယခုညပင် ယာယီတဲကိုပြန်မည် တကဲကဲလုပ်နေတာမို့ သူမနည်းတားထားရခြင်းသာ။ သာမန်လူပင် ညဘက်တောလမ်းခရီးမသွားရဲ၊တောကောင်ကြီးများ အစာရှာထွက်လာသည်နှင့်ကြုံနိုင်သည်။ မမြင်ရတဲ့ ထောင်ချောက်တွေ၊ အန္တရာယ်တွေဆိုတာ စုံလို့ ။ ပြီးတော့ အိမ်ရှေ့စံက ဒဏ်ရာရထားတာကြောင့် လမ်းပင်ကောင်းကောင်းမလျှောက်နိုင် ။ ထို့ကြောင့် ဒီနေရာမှာ တစ်ညအနားယူဖို့ သူဆုံးဖြတ်လိုက်ခြင်းသာ ။
၀မ်ရိပေါ်အတွက် ဤအခြေနေက မထူးခြားတော့။ သိတတ်စအရွယ်ကတည်းက တောတောင်ရေမြေကို ဖက်တွယ်ကြီးပြင်းလာသူမို့ စာမဖွဲ့လောက်ချေ ။ ထမင်းမစားရတဲ့နေ့တွေလည်း သူ့ဘ၀မှာ မရေမတွက်နိုင်အောင်ရှိဖူးသည်။ သူ့အတွက် ပင်ပန်းမှုဆိုတာ ချိုနဲ့လားဟု မေးရလောက်သည် ။ အိမ်ရှေ့စံနှင့်တော့ မတူ၊ ဘယ်လောက်အကြမ်းတမ်းခံနိုင်ပါသည် ပြောပြော ရွှေနန်းတော်မှာ ခြွေရံသင်းပင်းနဲ့ နေမခ လေမခ နေလာခဲ့ရသူမို့ အတော်ပင်ပန်းနေလောက်မည်ဆိုတာ သူရိပ်မိသည်။
သည့်အပြင် နေ့လည်ကတည်းက အစာနဲ့တူတာ ဘာတစ်ခုမျှမစားရသေး။ မျက်လုံးကြည်ကြည်လေးတွေက မလန်းဆန်း၊ အမြဲသွေးရောင်လွှမ်းသည့် နှုတ်ခမ်းတွေပင် အရောင်ဖျော့နေသည်မို့ သူဒီတိုင်းမနေနိုင်တော့ ။" ကျုပ် စားဖို့တစ်ခုခုသွားရှာဦးမယ်၊
ဒီအနီးနားတင်ပဲ "အိမ်ရှေ့စံက ခေါင်းသာငြိမ့်ပြသည်။ ၀မ်ရိပေါ်လည်း ချထားသည့်လေးကို ကောက်ကိုင်ကာ မီးတိုင်ကိုယူလျက် ထွက်ခဲ့သည် ။ အသီးအနှံတစ်ခုခုတော့ ရကောင်းပါသည်လေ ။
သူသိပ်မရှာလိုက်ရ ။ မျှော်လင့်ထားသည့်အတိုင်း စမ်းချောင်းငယ်ဘက်တွင့် အလေ့အကျပေါက်နေသည့် ငှက်ပျောပင်ကို့တွေ့လိုက်ရသည် ။ ငှက်ပျောဖီးတစ်ခိုင်ကို အမြန်ခုတ်ယူပြီး အိမ်ရှေ့စံရှိရာဆီ မပြေးရုံတမယ်အမြန်လျှောက်လာလိုက်သည် ။ ညမှောင်မှောင်မှာ အရှင့်သားကို ကျားသေတစ်ကောင်နဲ့ထားခဲ့ရသည်မို့ သူစိတ်ပူမိပါ၏။ မီးပုံနံဘေးတွင် ငြိမ်သက်စွာထိုင်နေသည့် အိမ်ရှေ့စံကိုမြင်မှ စိတ်ဒုန်းဒုန်းချနိုင်သည် ။
YOU ARE READING
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )