Unicode
ဗေဒါရောင်၀တ်စုံသည် ကိုယ်လုံးသွယ်သွယ်ပေါ်တွင် အချိုးအစားကျနစွာ ။ရိုးရှင်းလှသော ချည်ထည်ဖြစ်ပေမယ့် ရှောင်းကျန့်ကိုယ်ပေါ်တွင် မှေးမှိန်မနေပဲ အသားရောင်နှင့်ဟပ်ကာ အသွေးအမွေးတစ်မျိုးတောက်ပနေပြန်သည် ။ ရတနာတွေအစား ဖဲကြိုးအဖြူနှင့်သာ ဆံကေသာတစ်၀က်ကို စည်းနှောင်ထားကာ ကျန်တစ်၀က်ကို ဖြန့်ချထားသည် ။ ခါတိုင်းလို တန်ဖိုးကြီးတန်ဆာတွေ ဆင်ယင်မထားသည့်တိုင်အောင် ရိုးရှင်းစွာဖြင့် တစ်မူထူး၍ လှနေဆဲ ။ မှုံမခြယ်ပါပဲ သွေးကြောမျှင်တွေ ယှက်ပြေးနေသည်အထိ မျက်နှာတစ်ပြင်လုံး ကြည်စင်နေ၏ ။ အမျိုးသားတစ်ယောက်သည် ဤမျှအထိ ကျော့ရှင်းနေနိုင်ပါသလား ။တမေ့တမော့ငေးကြည့်နေမိတာတောင် သူ့ထံမှအကြည့်မခွာချင် ၊လှကားလှရက်နိုင်ပါဘိ ။
" ငါ၀တ်ထားတာ အဆင်မပြေဘူးလား "
ခန်းမဆောင်ထဲ သူ၀င်လာစဉ်တည်းက မျက်တောင်တစ်ချက်မခတ်ပဲ စိုက်ကြည့်ခံနေသည့်အဖြစ်ကြောင့် ရှောင်းကျန့်ပင် သူကိုယ်သူမလုံမလဲဖြစ်လာရသည် ။ ၀မ်ရိပေါ်ကလည်း ထိုအခါမှ လက်တခါခါနှင့် အမြန်ငြင်းဆိုရသည် ။
" မဟုတ်တာ ၊ အဆင်ပြေတယ် ၊ ပြေလွန်းလို့ ခက်နေတာ ၊ အဟုတ် "
" သွားမယ် "
ပြောပြီး ရှောင်းကျန့်မှာ ခန်းဆောင်တော်အတွင်းမှ ခပ်သုတ်သုတ်ထွက်သွားသဖြင့် ၀မ်ရိပေါ်လည်း ထပ်ကြပ်မကွာ ပြေးလိုက်သွားရသည် ။ ရွှေနန်းတော်ရဲ့ အနောက်ဘက်တံခါးမုခ်ဦးဆီသို့ သူတို့နှစ်ယောက်ဦးတည်လိုက်ကြသည် ။ အခြွေအရံသင်းပင်းများလည်းမပါရှိပဲ ကျောက်စရစ်လမ်းမဖြူပေါ်တွင် သူတို့နှစ်ယောက်တည်းသာ ။ ရှောင်းကျန့်ကသာ တည်ငြိမ်စွာလျှောက်လှမ်းနေသော်လည်း ၀မ်ရိပေါ်ကတော့မတူ ။ သူနဲ့ဘေးချင်းယှဉ်လျှောက်လာတဲ့ ရှောင်းကျန့်ကို ခဏခဏစောင်းငဲ့ကြည့်ရင်း တစ်ကိုယ်တည်းပြုံးနေသည်မှာ ရာဇဣန္ဒြေပင်မတည်နိုင်အောင် ။ ဒီနေ့အဖို့ ၀မ်ရိပေါ်အနေနဲ့ ထူးထူးခြားခြားတက်ကြွနေသည် ။
အကြောင်းမှာ အခြားမဟုတ် ။ ရှောင်းကျန့်နှင့်အတူ နှစ်ဦးတည်းနန်းပြင်ထွက်ခွင့်ရသောကြောင့် ။အချိန်ပြည့်နန်းတော်၀န်းအတွင်းသာ ကျင်လည်နေခြင်းက ငြီးငွေ့ဖွယ်ကောင်းမည် ။ နောက်ပြီး လတ်တလောမှာပင် လုပ်ကြံမှုကြောင့် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ထားရသည်မလား ။ ဒီတော့ ရှောင်းကျန့်လည်း စိတ်အပြောင်းအလဲလည်းဖြစ်အောင် ၊ချူပြည်အတွင်းမလည်ပတ်ဖူးသေးကြောင့်ရော ၀မ်ရိပေါ်က မြို့တော်အတွင်း လည်ပတ်ကြဖို့ ရှောင်းကျန့်ကိုတိုင်ပင်ခဲ့၏ ။ ထိုစဉ်က တိတ်ဆိတ်သွားသူကြောင့် မိမိနှင့်အတူသွားဖို့ ရှောင်းကျန့်များ မနှစ်သက်လေသလားလို့ ၀မ်ရိပေါ်စိုးရိမ်စိတ်၀င်ခဲ့ရသေးသည် ။သို့သော်
ESTÁS LEYENDO
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )