Unicode
စုန့်ကုန်းကုန်းကောင်းမှု အကြောင်းပြု၍ လော့ကျားတို့ သားအဖနှစ်ယောက်လုံး အကျဉ်းခန်းထဲရောက်ကြရ၏ ။ ရှောင်းကျင်ကို လုပ်ကြံရန်စေခိုင်းမှုအပြင် ဘုရင့်အာဏာအလွဲသုံးစားပြုမှုပါ ထပ်တိုး၏ ။ အခြေနေကား အသက်မသေဖို့ထက် သက်သက်သာသာသေဖို့ ဆုတောင်းကြရတော့မည့်အခြေနေ ။ မီလင်းကတော့ ကြိတ်မနိုင်ခဲမရနှင့် စုန့်ဝေကို ကျိန်ဆဲ၍သာနေတော့သည် ။
" တောက် ! ငါတို့အကြောင်းကိုပါ ရအောင်ဖော်သွားသေးတယ် ၊ဒီအဘိုးကြီး အသေဆိုးနဲ့သေတာတောင် နည်းသေးတယ် "
တစ်ဖက်အချုပ်ခန်းက လော့ကျားမှာတော့ သမီးဖြစ်သူကိုလည်း မနှစ်သိမ့်နိုင် ။ သူ့ကိုယ်သူပင် မနည်းစိတ်ငြိမ်အောင် ကြိုးစားနေရသည် ။ နေ့ချင်းညချင်း ပြောင်းလဲသွားသော အခြေနေက သူ့ကို အကြီးအကျယ်ခြောက်ခြားစေသည် ။ ပြင်းပြင်းထန်ထန်ရာဇသံပေးလိုက်တဲ့ ဧကရာဇ်ရဲ့အသံနက်ကြီးကိုလည်း သူ့မှာယခုထိ ခေါင်းထဲက မထုတ်နိုင် ။
" ဒီငမိုက်သားနှစ်ယောက်ကို ထောင်သွင်းအကျဉ်းချစေ ၊ အပြစ်ဒဏ်ကို လာမယ့်ညနေမှာ စီရင်ဆုံးဖြတ်ချက်ချမယ် "
အားလုံးပြီးဆုံးသွားပြီ ။ လော့ကျားကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ ရာထူး ၊အာဏာ၊စည်းစိမ်မှန်သမျှ တစိုးတစိမှမကျန်အောင် ပျောက်ကွယ်ကုန်ပြီ ။ ဘုရင့်ယောက္ခမတော်ဖြစ်ဖို့ အကြံကြီးကြံခဲ့ကာမှ ဒီလိုအကျဉ်းခန်းထဲ ဘ၀ဆုံးရမည့်အဖြစ် ။ နောက်ဆုံး သူ့လောဘတွေဖိစီးရကာ မထိန်းနိုင်ပဲ တအိအိငိုမိသည် ။ မီလင်းကတော့ စိတ်ပြင်းသူပီပီ ယခုထက်တိုင် မာန်မချနိုင်သေး ။
" ရှောင်းကျန့် ...ရှောင်းကျန့် ရှင်က ကျွန်မအတွက် လုံး၀ဂြိုလ်ဆိုးပဲ "
" သိပ်မှန်တာပေါ့ အမိ ၊ ငါက မင်းတို့အတွက် ဂြိုလ်ဆိုးလေ ၊ မင်းတို့ရဲ့ အသက်ဇီဝိန်ကို တစ်စဆီချနင်းပစ်တော့မှာမို့ အသက်ကိုသာ ၀အောင်ရှူထားလိုက်စမ်းပါ "
လော့မီလင်းသည် သူမတစ်ကိုယ်တည်းရေရွတ်သံကို တုန့်ပြန်လိုက်သည့်အသံပိုင်ရှင်ကြောင့် အံ့ဩသွားပြီး အချုပ်ခန်းတံခါး၀ဆီ ဝေ့ဝဲကြည့်လိုက်သည် ။ မည်သူမည်ဝါဆိုတာ သေချာသွားပြီးနောက် သံကိုင်ကိုကိုင်ထားသည့် သူမလက်တွေ တင်းကြပ်သွား၏ ။ ရှောင်းကျန့် ! သူမအလိုရှိတဲ့ အရာရာမှန်သမျှ ထူးထူးခြားခြားပြည့်စုံနေတဲ့လူ ၊ ဒီယောက်ျားရှေ့မှာ မီလင်းခေါင်းမငုံ့ချင်ဘူး ။ သူမ ရှုံနိမ့်တဲ့သူမဖြစ်ချင်ဘူး ။
![](https://img.wattpad.com/cover/290380337-288-k374632.jpg)
ČTEŠ
𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )