Part 24

4.1K 442 13
                                    

Unicode

အေးစက်စက်လေထုသည် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားသည့်နှယ် ။ ဟိုမှသည်မှ နာကျင်ကိုက်ခဲမှုများသည် အအေးဒဏ်ကြောင့် သာမန်ထက်ပိုနေပြန်သည်။ လက်တစ်ချောင်းလှုပ်ဖို့ပင် မနည်းအားယူနေရ၏ ။သိပ်သည်းလာတဲ့ အအေးဓာတ်ကြောင့် မျက်လုံးကို အားယူဖွင့်လိုက်ရာ သူရောက်နေသည်မှာ ၀မ်ရိပေါ်၏နန်းဆောင်တွင်ဖြစ်ကြောင်း ရှောင်းကျန့်သတိထားမိပြီး ချက်ချင်းဆိုသလို ထထိုင်လိုက်မိသည် ။

တွန့်ကြေနေသော အိပ်ယာခင်းနဲ့ ဟိုတစ်စသည်တစ်စပေကျံနေတဲ့ သွေးစတွေ ၊ နောက် အ၀တ်မကပ်တော့တဲ့ မိမိခန္ဓာကိုယ်အနှံ့ ပြန်ကျဲနေတဲ့ အနီစက်များ ။ ဘေးနားက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသူထံ အကြည့်ရောက်သွားတဲ့အခါ မနေ့ညကအဖြစ်အပျက်များကို ရှောင်းကျန့်မျက်လုံးထဲ၀ယ် ရှင်းလင်းပြတ်သားစွာ ပြန်မြင်ယောင်လာ၏။

သူဟာ ၀မ်ရိပေါ်ရဲ့ ဆန္ဒဖြေဖျောက်စရာဖြစ်ခဲ့ရပြီ ။ ယောက်ျားတစ်ယောက်ဖြစ်ပါလျက်နဲ့လေ ။ အထူးသဖြင့် သူ့ဆီက အရာအားလုံးလုယူထားတဲ့ ဒီ၀မ်ရိပေါ်ဆီမှာ ထပ်မံကျရှုံးရလေခြင်း ။
ဘာလို့များ မိမိကံကြမ္မာက ဤမျှလောက်ဆိုးဝါးရသနည်း ။

လှိုက်ဖို၀မ်းနည်းလာမှု ၊သောကပူလောင်မှုနဲ့ နာကျည်းမုန်းတီးမှုတွေ စုပေါင်းလာသောအခါ ရှောင်းကျန့်လက်ဖျားတွေပင် အေးစက်တုန်ယင်လာသည် ။ စိတ်ငြိမ်လာအောင် လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်၍ မျက်လုံးကိုမှိတ်ထားရ၏ ။မဖြစ်ဘူး ...သူဒီလိုနဲ့ ပြိုလဲလို့မဖြစ်ဘူး ။ ဆုံးရှုံးမှုအားလုံးအတွက် ၀မ်ရိပေါ်ဆီက ပြန်ယူရဦးမည် ။စိတ်ကိုတင်းထားစမ်းပါ ။

အိပ်ယာပေါ်မှ အသာဆင်းကာ ကြမ်းပြင်ပေါ်က ပြန့်ကျဲနေတဲ့ အ၀တ်တစ်စုံကို ကောက်ယူ၀တ်ဆင်လိုက်သည် ။ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ခန္ဓာကိုယ်အနှံ့မှ နာကျင်မှုကနှစ်ဆတိုးလာသလိုပင် ။ ‌မလှမ်းမကမ်းမှာ လွှင့်ပစ်ခံထားရတဲ့ ဓားမြောင်က သွေးစတို့ပင် ခြောက်၍နေပြီ ။

ရှောင်းကျန့် ဓားမြောင်ကို ကောက်ယူလိုက်ပြီး အိပ်ယာထက်က၀မ်ရိပေါ်ကို လည်ပြန်ကြည့်လိုက်သည် ။ကိုယ့်ကို အမျိုးမျိုးသောကရောက်အောင်လုပ်ပြီး သူကျတော့ အပူပင်ကင်းကင်းနဲ့ အိပ်ပျော်နေလိုက်တာများ ။

𝐻𝑜𝑙𝑑𝑖𝑛𝑔 𝐴 𝑅𝑜𝑠𝑒 ( Completed )Donde viven las historias. Descúbrelo ahora