Ep 1 Uni+Zawgyi

41.3K 1.3K 24
                                    

Unicode

"အ​ခြောက်တစ်​ယောက်ကို နင်ကြိုက်​နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ"

"နင်သူ့ကို သ​ရော်ခွင့်မရှိဘူး စိမ်းမြ သူဟာ သူဖြစ်​နေလို့ကို ငါချစ်တာမို့"

"နင့်လိုပြည့်စုံတဲ့ သူတစ်​ယောက်က ငါမထင်ထားဘူး နင့်အ​မေကြားရင် ဘယ်​လောက်ရှက်မလဲ"

"အချစ်က​ရွေးချစ်လို့မရဘူး စိမ်းမြ သူက ဘာကြီးပဲဖြစ်​နေပါ​စေ ငါ့ရဲ့မြတ်နိုးရာမို့ နင်စကားနဲ့​တောင် မခနဲ့ပါနဲ့ ငါမကြိုက်ဘူး"

"နင်ကန်း​နေပြီ ကြွယ်ဝ"

ကျစ်!!

ကျွန်​တော်စုတ်သပ်လိုက်မိလိုက်သည် ​ရှင်းပြခြင်း​တွေမလိုအပ်သူကို ဥ​ပေက္ခာသာပြု၍သာထွက်လာလိုက်သည်

"သူ"ဆိုတာက​တော့ ကျွန်​တော်လွန်ခဲ့​သော၃လက မြင်မြင်ချင်းချစ်မြတ်နိုးခဲ့ရသည့် "လျညှိုးသွယ်"ဟု မိတ်ဆက်​ပေးလာသည့် အလှပြုပြင်​ရေးဆိုင်၌ အလုပ်လုပ်​နေ​သော​ကောင်က​လေး

ထို​နေ့က ကျွန်​တော်​ခေါင်းသွား​လျှော်သည့်​နေ့​ပေါ့
ကျွန်​တော်တမင်တကာသွားခဲ့ခြင်းမဟုတ်ပါဘဲ ကျွန်​တော့်ex"မြစိမ်းမိုး"က ဆံပင်အ​ရောင်ဆိုးရန်နှင့်​ကောက်ခြင်းအားလုပ်​ဆောင်ရန်​ခေါ်​ဆောင်လာခြင်းဖြစ်သည်

မိန်းက​လေးသဘာဝ ကိုယ့်​ကောင်​လေးကို​စောင့်စား​စေလိုသည့် အ​တွေး​ကြောင့် ကျွန်​တော်မငြီးမငြူသာ​စောင့်​နေ​ပေးဖြစ်သည် ကျွန်​တော်လဲပျင်းပျင်းရှိသည်​ကြောင့် ​ခေါင်း​လျှော်ရန်အမှုအားလုပ်​ဆောင်ဖို့ အ​တွေးဝင်လာသည်

ကျွန်​တော့်အား​ခေါင်း​လျှော်​ပေးသည်မှာ အခြားသူမဟုတ်"ညှိုး"သာဖြစ်သည် ညှိုးသည် ​ခေါင်း​လျှော်ခြင်းကိုသာ ​​အေး​ဆေးစွာလုပ်​ဆောင်​နေရင်း

"ဟို မြစိမ်း ​ခေါင်းလုပ်တာပြီး​တော့မလားဗျ"

"တစ်နာရီ​လောက် လို​သေးတယ်"

ထိုအသံကြားမှသာ ​ယောကျ်ား​လေးဖြစ်​ကြောင်း ကျွန်​တော်ခွဲခြားသိခဲ့ရသည် ကျွန်​တော့်မျက်နှာ၌ အံ့သြသည့်အရိပ်အ​ယောင်များသည် အထင်းသား​ပေါ်လွင်သွားခဲ့သည် ထိုအရိပ်​ယောင်များအား "ညှိုး"သည် လျစ်လျူရှု၍ ခပ်တန်းတန်းသာ လုပ်စရာအလုပ်ကိုအာရုံစိုက်​နေခဲ့သည် သူ့အားအကဲခတ်​တွေး​တော​နေမှုက သူ့အသံကြားမှပြတ်​တောက်သွားခဲ့ရသည်

"ညှိုး"(BL) CompleteWhere stories live. Discover now