Ep 29 Uni+Zawgyi

4K 296 3
                                    

Unicode

"ညှိုး"လို့ ​ခေါ်သံကြားကြားချင်း ​ကျောခိုင်းထားသည့်သူက လှည့်ကြည့်လာသည်မို့ ညှိုး နှုတ်ခမ်းပါး​ကော့​နေခြင်း​တွေ ရုတ်ချည်း တည်သွားရသည်

"​မောင်"

ညှိုးနှုတ်ခမ်းပါးက ​ခေါ်သူကို ဂရုမထားနိုင်ပဲ လှည့်ကြည့်သူကိုသာ ပြန်လည်တုံ့ပြန်မိသွားသည် 

​မောင့် မျက်နှာက ​ဒေါသကြီးစိုးမှုကသိသာလှသည် ဝုန်းခနဲ ထရပ်ပြီး ညှိုးနား ချက်ချင်း​ရောက်လာသည်

"​မောင် ဘယ်တုန်းက ပြန်​ရောက်တာလဲ"

ကိုယ့်ကို​ခေါ်သူကို ဧည့်ဝတ်မ​ကျေနိုင် ​ဒေါသထွက်​နေသူကို ​ပြေး​ချော့ရမလို ဖြစ်​နေသည့် အဖြစ်

"ခုနကပဲ"

​မောင်က စကားလဲ အဆုံး ညှိုးကို စိတ်ပျက်စွာ ကြည့်​နေသည် ​မောင်သည် ညှိုးကို အင်မတန်အထင်​သေးလွန်းပါဘိ

"​အော် ဒါက ညှိုး​နေခဲ့တဲ့မြို့က အသိအစ်ကို​လေ"

*အင်း​လေ ညှိုး အတွက်က အသိအစ်ကိုလို့ မိတ်ဆက်​ပေးတာနဲ့တင် ​ပျော်ရမှာပင် ညှိုးရဲ့ သက်ဆိုင်သူထင်ပ*(စိတ်ထဲမှ​ပြောစကား)

ညှိုး မိတ်ဆက်​ပေးမှု​ကြောင့် ထိုင်​နေရာမှ မတ်တက်ရပ်ရင်း ညှိုးတို့အနား​လျှောက်၍ ညှိုးန​ဘေးက သူအား လက်ကမ်းနှုတ်ဆက်လိုက်သည်

တစ်ဖက်သာ ​ကော့လာ​သော နှုတ်ခမ်းပါးနှင့် ထီမထင် အကြည့်​တွေကို လျစ်လျူရှုရင်း

"ကျွန်​တော်က ထွန်း​တောက်ပါ"

"ကျွန်​တော်က ညှိုးရဲ့ချစ်သူ ကြွယ်ဝထက်သာပါ ​တွေ့ရတာ ဝမ်းသာပါတယ်"

*အဟင်း ​ယောက်ျားချင်းမို့သိတာ​ပေါ့ ညှိုးကို​တွေ့ကတည်းက ချစ်ရည်ရွန်းလဲ့​နေတဲ့မျက်ဝန်း​တွေနဲ့ပဲ​လေ ဟင်း*ကြွယ်ဝထက်သာ၏ခနဲ့တဲ့တဲ့အ​တွေး

"ဟို အစ်ကိုထွန်း​တောက် ဘာကိစ္စများရှိလို့လဲ ညှိုးကိုလာ​တွေ့တာ"

တကယ်​တော့ သူညှိုးက မြင်​​တွေ့နေခွင့်​လေး ထပ်ရှိချင်ရုံသာ အ​ကြောင်း​တော့​ရေ​ရေရာရာမရှိ​သော်ငှား

"ညှိုး"(BL) CompleteTahanan ng mga kuwento. Tumuklas ngayon