Uni
"မောင် မေမေက ကြက်သားမဆလာချက်ကြိုက်တယ်မလား ပြီးရင် ညှိုး ပဲဟင်းရည်လေးကိုကြာဇံလေးခတ်ပြီး အရည်သောက်ရယ် ငါးပိထောင်းလေးရယ် ချက်မယ် ပြီးရင် ဘာထပ်ချက်ရမလဲမောင်"
ညှိုးတစ်ယောက်ကတော့ မတော်ရသေးတဲ့ ယောက္ခမအတွက် အမှတ်ရအောင်ကို ပြင်ဆင်နေတော့တာပဲ သူ့အကြိုက်တောင်မပါတော့လို့ ခပ်ဆူဆူလေးကြည့်နေတဲ့ မောင်
ညှိုးလဲမောင့်ရဲ့ ဘုတောအကြည့်လေးကို အသည်းယားစွာ ဖြတ်ခနဲပါးကိုနမ်းရင်း
"ဒီတစ်ခါတော့ မောင်နဲ့နီးဖို့အရေး မောင်က အလျှော့ပေးလိုက်ပါ"
ပြီးနောက်နဘေးက ဇကာအောက်က ဟင်းပွဲလေးကိုလှပ်ပြတော့ မောင့်အပြုံးက ညှိုးအနမ်းကြောင့်ရော ဟင်းလေးကြောင့်ပါ ထပ်ဆင့်ပြုံးသွားသည်
အကြောင်းမူကား ဇကာအောက်က ကြက်အသည်းဟင်းလေးက မောင့်အကြိုက်ပေမလား
"မောင်က ညှိုးရဲ့ဦးစားပေးပါ"
ညှိုး ဒီရက်ပိုင်း စကားအရမ်းတတ်လာသည်မို့ ပိုအချစ်ပိုရသည် ပါးလေးနှစ်ဖက်ကို အုပ်မိုးကိုင်ညစ်လို့ ဆူလာတဲ့ နှုတ်ခမ်းလေးကို ဖြတ်ခနဲနမ်းလိုက်ရင်း
"မောင့်အချစ်ကတော့ ပိုအချစ်ပိုရအောင်ကွာ"
သွားလေးစိပြီးပြုံးပြသည်မို့ သွားတက်လေးက လှစ်ခနဲ
အိမ်ရှေ့ထွက်သွားတဲ့ညှိုးလေးမကြားသည့် မောင့်စကားလေးက
"ဟာ အသည်းယားအောင်ကွာ"
"မောင်ရေ အိမ်ရှေ့မှာထားခဲ့မိတဲ့ ကြာဇံထုတ်လေး သွားယူပေးလို့ရမလား"
"သွားယူပေးရင် ဘာပေးမှာလဲ"
"မောင်ကကွာ စနောက်နေနိုင်သေးတယ် မြန်မြန်လုပ် မောင့်အမေလာတော့မယ်"
ညှိုးကို လက်ခံတယ်ပြောပြီးကတည်းက မောင့်မေမေကို ထမင်းစားကြွဖို့ အမှာပါး ဖိတ်ခိုင်းလိုက်သည်
ကြာဇံထုတ်လေး မျက်စိရှေ့ချပေးလို့ ညှိုးပါးလေးကို လှစ်ခနဲ အနမ်းပေးလာသည်
KAMU SEDANG MEMBACA
"ညှိုး"(BL) Complete
Cerita Pendek"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...