Unicode
ညှိုးနဲ့မောင် ခုရက်ပိုင်း ခပ်စိတ်စိတ် စကားအခြေအတင်ဖြစ်လာကြတယ် မောင့်အမေပြောပြီးကတည်းကများ ညှိုးစိတ်က မောင့်အပေါ်စိတ်ပိုဆတ်လာလေသလား တွေးမရတော့ပါဘူး
"ဒီနေ့ ညှိုး ဘယ်သွားစရာရှိလဲ"
"အစ်ကိုထွန်းတောက် တူလေး မွေးနေ့သွားရမယ်မောင် နေ့လည်ပိုင်း"
"မသွားပါနဲ့လား ညှိုး"
"မောင်ခုရက်ပိုင်း ဘာဖြစ်နေတာလဲ ညှိုးကိုသိပ်ချုပ်ချယ်လာသလားပဲ"
"မောင်က စိတ်မချလို့ပါ"
"စိတ်မချရအောင် ညှိုးက ဘာလုပ်မှာမို့လို့လဲ"
"မောင်က ညှိုးကို စိုးတာမဟုတ်ဘူး အဲ့လူ အဲ့လူကိုမောင်ကြည့်မရဘူးကွာ"
"သိပ်မကြာဘူး နေပြီး ပြန်လာမှာပါမောင်ရယ်"
လေးပင်စွာပင် မောင်က ခေါင်းငြိမ့်ပြပြီး ရုပ်ရှင်သာ ရှုတည်တည် ပြန်ကြည့်နေသည်မို့
ညှိုး ဘေးတစ်စောင်းမြင်သာရသည့် မောင့်ရဲ့ပါးလေးကို နွေးစေလိုက်သည်
မောင် ချက်ချင်းဆိုသလို ညှိုးဆီခေါင်းလှည့်လာသည်မို့ မောင့်ဦးခေါင်းနောက်ဖျားလေးက ဆံသားလေးအချို့ကို ပွတ်သပ်ပေးရင်း
"မောင် မဆိုးပါနဲ့ကွာ မောင် စိတ်ဆိုးရင် ညှိုး မချော့တတ်ဘူး"
မောင် အပြုံးလေးတစ်ခုချိတ်ဆွဲရင်း ခေါင်းငြိမ့်ပြသည်
"မောင်လိုက်ပို့မယ်နော်"
"သဘောပါ"
ညှိုးလဲ နူးညံ့သောအပြုံးလေးဖြင့်အဖြေပြန်ပေးလိုက်သည်
××××× ××××× ×××××××× ×××××
မောင်က ညှိုးရဲ့ နှစ်လိုဖွယ်အနမ်းလေးကြောင့်ထင်ပါရဲ့ ချက်ချင်းစိတ်ပျော့ပြီး ကားနဲ့သာလိုက်ပို့ပြီး ချက်ချင်းပြန်သွားသည် သို့သော်ငှား ကိုယ်တော်ချောက ပြန်ခံနီး ဖုန်းဆက်ပါတဲ့လေ မောင်ရဲ့နက်နက်နဲနဲကိုအချစ်သည်းမှုက လူအများထင်သာတဲ့နေရာမှာတော့ ညှိုးက မျက်စိမရှုပ်စေချင်ပါ
![](https://img.wattpad.com/cover/295388438-288-k566282.jpg)
YOU ARE READING
"ညှိုး"(BL) Complete
Short Story"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...