ကျွန်တော့်အတွေးထဲ လှစ်ခနဲပေါ်ပေါ်လာသည်က ခဏသာတွေ့လိုက်ရသည့် "ညှိုး"၏ပုံရိပ်တစွန်းတစ
ကျွန်တော်သည် ယောကျ်ားတစ်ယောက် ဖြစ်သည့်အပြင် လက်ရှိမိန်းမတစ်ယောက်ကိုပင် အတည်တကျတွဲနေပါလျက် ဘယ်၍ဘယ်မျှ စိတ်ဖောက်ပြားစွာ ထိုပုံရိပ်တွေက အတွေးထဲ လူးလာဖြတ်သန်းနေမှန်းဝေခွဲမရ အင်မတန့်အင်မတန် ဖြစ်ရသည် ကျွန်တော်စီစဥ်ထားခြင်းမရှိပါဘဲ ထိုဆိုင်သို့ တစ်ပတ်တစ်ခါ ရောက်လာတတ်မိသည် ထိုကောင်ကလေး အကြောင်းကို ပိုမိုသိချင်နေမိသည့် စိတ်ကမထိန်းမကွပ်နိုင်ခဲ့သည့်အဖြစ်
"နာမည်ဘယ်လိုခေါ်လဲ"
ကျွန်တော့်အား ငုံ့၍ခေါင်းလျှော်ပေးနေသော သူကလေးကို နာမ်စားမမည်ပါဘဲ မေးခွန်းထုတ်လိုက်မိလေခြင်း
"လျညှိုးသွယ်ပါ"
"သူ"၏နာမည်လေးက အင်မတန်ပင် မိန်းမဆန်နေသည်မို့ ကျွန်တော်ထပ်မံအံ့သြဖို့ရန်မသင့်နေပေဘူးလား ကျွန်တော်၏သိသာသော အံ့သြမှုတွေကြောင့် တွေ့လိုက်ရသည်က နှုတ်ခမ်းစွန်းတစ်ဖက်မှ ကော့သွားသောလှုပ်ရှားမှု ဒါကလှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ခြင်းတော့မဟုတ် ပေါ့ပျက်ပျက် ခပ်ထေ့ထေ့ဆန်သော အပြုအမူ
ကျွန်တော်ထိုနေ့မှစ၍ ထိုဆိုင်ကို တစ်ပတ်တစ်ခါတော့ ရောက်ကိုရောက်ဖြစ်သည်သာ
"ညှိုး"ကလေ မိန်းကလေး မဟုတ်ပါလျက် မိန်းကလေးတွေကို သိပ်ဖော်ရွေသလောက် ယောကျ်ားလေးများနှင့်ဆိုလျှင် ခပ်တန်းတန်းသာဆက်ဆံတတ်သည်
ယောကျ်ားလေးများ ဆိုင်သို့လာလျှင် "ညှိုး"ကသာ လိုအပ်သည်များလုပ်ဆောင်ပေးတတ်သော်လဲ အပိုစကားမဆို တည်တင်းလွန်းလှသည် တချို့များဆိုလျှင် "ထိုမိန်းမပျိုမောက်မာလွန်းလှသည်"ဟုဆိုသည့်သူရှိသလို မကြားတကြား "ညှိုး"အား တမင်ကြားအောင် "အခြောက်ကများ ဘဝင်ကိုင်နေသည်"ဟု ခနိုးခနဲ့ထိပါးပြောဆိုတတ်ကြသေးသည် ထိုလူများကတော့ မစားရတဲ့အမဲသဲနဲ့ပက်သူများသာ ထိုစကားကြားလို့"ညှိုး"ကတော့ တစ်ချက်မျက်နှာမပျက်စွာ ကျွန်တော်အားပြုံးပြဖူးသော ခပ်ထေ့ထေ့နှုတ်ခမ်းတွန့်ကွေးစွာမျက်နှာလွှဲသွားတတ်သည်
![](https://img.wattpad.com/cover/295388438-288-k566282.jpg)
YOU ARE READING
"ညှိုး"(BL) Complete
Short Story"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...