Ep9 Uni+Zawgyi

6.1K 528 32
                                    

Unicode

Flash back

"ကျွန်​တော်ထိပ်ထားကို မယူနိုင်ဘူး မာမီ"

"သားရယ် ထိပ်ထား​လေးက သားကိုအ​တော်ချစ်ရှာတာကို"

ဖုန်းသုံး​နေ​သော ကျွန်​တော့်အား စိတ်ငြစ်ငြူး​စေ​သော ​မေ​မေ၏​တောင်းဆိုသံက ထွက်​ပြေးချင်​လောက်စရာ

"ကျွန်​တော်မှမချစ်တာ ညီမလို​တောင် မနည်း​တွေး​ပေးထားရတာ"

ညှိုး က​​ရှောင်​ပြေးသူဖြစ်​နေရင်​တောင် ကျွန်​တော်က ​ရေဆုံး​မြေဆုံးလိုက်မှာမို့ သူက​လေးနှင့်​တွေ့ရဖို့ အချိန်နှင့်အမျှ​တွေး​တော​နေရသည်မို့ ​မေ​မေ့ကိုလဲစိတ်ရှည်မှုက မရှိ​တော့သည်မို့ အခန်းထဲမှသာ ငိုင်​တွေ​နေရသည်အထိ ထို​သူ​လေးက ကျွန်​တော့်အား ထို​လောက်ထိ စွမ်းသာသည်

ရမိသည့်အကြံကလဲ နာကျင်မှုကပ်ပါမည့်အကြံ ညှိုးကို ကျွန်​တော်ကိုယ်တိုင်ဖန်တီးထားသည့် ဖိတ်စာတစ်ခု ​ချော်လဲ​ရောထိုင်ကာ သွား​ပေးရမည့်အ​ရေး အ​တော်တည်ငြိမ်​အောင် ကြိုးစားရပါသည်

Receptionထိ ​လျှောက်လှမ်းလာ​သော တိုးညှင်း​သော ​ခြေလှမ်းက ကျွန်​တော့်အား လှည့်ကြည့်ရန်​နှောင့်​နှေး​စေသည်အထိ လက်ကိုတင်းတင်းဆုပ်ကာ သူ့မျက်ဝန်း​တွေနဲ့ဆုံပြန်​တော့ ပြိုကျ​နေ​သော တင်းမာဟန်​ဆောင်​နေ​သော ပုန်းကွယ်​နေ​သည့်စိတ်​လေးကို အထင်းသားမြင်ရပါတယ် ညှိုးရယ် ​မောင်ကညှိုးကိုအရိပ်တကြည့်ကြည့်မို့ သိရသူပါ ညှိုးက အရမ်းဟန်​ဆောင်​​ကောင်းတယ်မို့လား

ကမ်းလင့်​ပေး​သော ဖိတ်စာအစွန်း​လေးကို တုန်ယင်စွာ ထိ​တွေ့လာ​သော လက်ဖျား​လေး​တွေကအစ ခပ်ယဲ့ယဲ့အပြုံး​လေး​တွေထိ ​မောင်ကထပ်တူထပ်မျှနာကျင်ရပါ​ကြောင်း

"သိပ်လှတာ​ပေါ့"​လို့ဖြေခဲ့တဲ့ အ​ဖြေက အလုံးစုံ ညှိုး နဲ့သာသက်ဆိုင်ခဲ့​ကြောင်း ကိုယ့်မျက်ဝန်း​​တွေက သက်​သေပါညှိုးရယ် ညှိုးက​လေ ကိုယ်ထင်ချင်ရာ ထင်ပြီး အ​တွေးလွန်တတ်တဲ့ ညာဥ်ဆိုး​လေးရှိသူ

​မောင့်​ဘေးက မိန်းမပျို​ကို မိတ်ဆက်​ပေး​တော့ ညှိုးရဲ့ မျက်​တောင်​တွေ​ပုတ်ခတ်ရင်း မျက်ရည်စ​တွေကို ရပ်တန့်​ကြောင်းကအစ ​မောင်ကအ​သေးစိတ် ညှိုးရဲ့အစိတ်အပိုင်းလှုပ်ရှားမှုတိုင်းကို မပြတ်မှတ်သားရသူပါ ညှိုးက သဝန်မတိုသည့်အပြင် ​မောင့်ကိုရက်​ရောတတ်​နေပြန်သူ

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora