Ep 7 Zawgyi

2.5K 102 6
                                    

ဒီ​နေ့ ဆိုင်ပိုင်ရှင် မမမိုးကလဲ​နေမ​ကောင်းသည်မို့ အလုပ်​တွေအားလုံးက ညှိုး​ခေါင်း​ပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ဒီ​နေ့ညှိုးသာဆိုင်ပိတ်ဖို့ရန်နှင့် ကျန်အလုပ်​တွေပါ ပိုမို၍ဂရုစိုက်တာဝန်ယူရသည်

ဆိုင်ပိတ်ခံနီး၁နာရီအလိုမှ ​မောင်၏​ကောင်မ​လေးက ဆံပင်​ကောက်ချင်သပဟု ပူဆာသဖြင့် ​သက်ပြင်းတိုးညှင်းစွာချကာ လိုက်​လျော​ပေးရသည် ထို​နေ့​တော့ အိမ်ပြန်​နောက်ကျ​တော့မည် အလုပ်အ​ပေါ်တာဝန်မ​ကျေချင်လို့ မဟုတ်ပါဘဲ ညှိုးတို့အိမ်လမ်းက လူပျက်သည်မို့ ညှိုးလို​ယောက်ျားကိုယ်နှင့်မိန်းမစိတ်လိုလူကို စချင်​နောက်ချင်ကြသည့် ပတ်ဝန်းကျင် ​ယောက်ျားသား​တွေက ထိုထိုဤဤ များပြားလှသည်

ညှိုးလည်း အိမ်ပြန်ရန် ထမင်းချိုင့်​လေးဆွဲကာ ဆိုင်တံခါးပိတ်​နေစဉ်တွင် ​မောင့်ကားက ဆိုင်​ရှေ့​လေးသို့တအိအိထိုးရပ်လာခြင်းနှင့်အတူ ညှိုးန​ဘေးက မိန်းမငယ်​လေး၏အသံဆာဆာ​လေးက ထွက်ပြူလာသည်

"​ကိုကို လာပြီလား"

"အင်း ကိုကို ရုံးမှာအလုပ်မပြီး​သေးလို့နောက်ကျသွားတယ်"

"ကိုကို ချစ်တို့​လေ မမသွယ်ကို လိုက်ပို့ရ​အောင် ချစ်ကပူဆာလို့ ဆံပင်​ကောက်​ပေးရင်း ဆိုင်ပိတ်ချိန်​နောက်ကျသွားလို့"

ညှိုးလည်း တံခါး​သော့ခတ်ပြီးအလှည့် ​မောင့်​ကောင်မ​လေးက ညှိုးလက်ကို ဆွဲလိုက်သည်မို့ အနည်းငယ်အံ့သြမှု​ကြောင့် ပါးစပ်​လေးပါ ဖွင့်ဟသွားရသည်

ထိုအပြုအမူက ​မောင့်အားပူ​လောင်​စေသလားမသိ ညှိုးအားလက်ဆွဲထားသည့် ချစ်သူ​ကောင်မ​လေးလက်ကို ​ငေးကြည့်ရင်း ​​ဒေါသရိပ်ဖုံး​သော မျက်ဝန်းကို ချက်ချင်း​ပြောင်းလွှဲကာ မသက်မသာ "အင်း"ဆိုသည့် ​ဖြေသံ ညှိုးလဲ ​သူ့​ကောင်မ​လေးလက်ကို ဆွဲလိုက်တာမဟုတ်ပါဘဲ ​ဒေါသထွက်​နေသည့်​မောင်ဟာ အချစ်သည်းလှသူပီပီ

"မဟုတ်တာ ရပါတယ် တို့ဘာသာပြန်လိုက်ပါ့မယ် ဝန်ထုပ်ဝန်ပိုး....."

"ရပါတယ် ကျုပ်တို့ လမ်းကြုံပါတယ်"

ညှိုးကိုစကားဆုံး​အောင်ပင် အ​ပြောမခံဘဲ ​ဒေါသသံစွတ်​နေ​သော​ ​မောင့်အ​ဖြေက သူ့​ကောင်မ​လေးစကားကို နာခံ​နေဟန် ​မောင်ကသူတစ်ပါးကို အရမ်းချစ်​ပေးတတ်သူ

"ညှိုး"(BL) CompleteDove le storie prendono vita. Scoprilo ora