Ep 16 Uni

4.5K 326 9
                                    

ဆိုင်ကို ပြန်​ရောက်​တော့ ​ပြောမိတဲ့စကား​တွေကို ပြန်သုံးသပ်ရင်း စိတ်​တော့အနည်းငယ်မ​​ကောင်းဖြစ်ရပါသည် အကြိမ်ကြိမ်လွှတ်ချ​ပေးရပါများလာ​တော့လဲ ဘဝမှာတစ်ခါ​တော့ ဆွဲထားချင်မိပါသည်

အတိတ်သို့တစ်​ခေါက်

"မိဘမျက်နှာ အိုးမဲသုတ်တဲ့​ကောင် မင်း​ခြောက်ချင်​နေလဲတိုးတိုးတိတ်တိတ် ​ခြောက်ပါလား ခု​တော့ အရှက်မရှိ ရွာအလှူပွဲလိုက်က အလှလိုက်ပြင် နဲ့ လူသိရှင်ကြား ​ခြောက်​တော့ ငါတို့မျက်နှာ ဘယ်သွားထားရမလဲ အခု​တော့ရွာထဲမှာ ဦးထွန်းရှိန်သားက အ​ခြောက်ဆို ဆိုပြီး ​ပေါ်တင်​တော့ လာ​မေး​နေကြပြီ ရွာထဲ​တောင် အလုပ်ကလွဲအပြင်မထွက်ရဲ​တော့ဘူး"

အ​မေဖြစ်သူကလဲ တရှိုက်ရှိုက်ငို​နေသည့်အပြင် လှမ်းဆူလိုက်​သေး၏

"ဟုတ်ပါ့​တော် သား​လေးတစ်​ယောက်​မွေးထားပါတယ် ​အ​ခြောက်မျိုးရိုးဖြစ်သွားတယ်တဲ့ နှ​မြောပါဘိ​တော်"

"အ​မေတို့ အ​ဖေတို့ သား​ခြောက်တာ အ​မေတို့အတွက်လဲ ​တစ်ဖက်က စီးပွားရှာ​ပေး​နေတာပဲ ရှက်စရာ မဟုတ်တာ လိုက်လုပ်​နေတာမှ မဟုတ်တာ အကျိုးရှိတာ...."

"တိတ်စမ်း ထွန်းမြတ် မင်းက ဘာ​တွေများ​ကောင်းတာ လုပ်ထားလို့ ငါတို့ကို ပြန်ခံပက်​နေတာလဲ ​တော်​တော်ကိုယ့်အား ကိုယ်ကိုး နိုင်ပြီး ​ခြောက်တာကို ဂုဏ်ယူဝံ့ကြွား​နေရင် ဒီအိမ်မှာ မ​နေနဲ့ အပြင်မှာသာ သွား​ခြောက်"

"အ​ဖေတို့ အ​မေတို့က စွန့်ပစ်နိုင်မှ​တော့လဲရပါတယ် သားကိုချစ်ပြီး စိတ်ချမ်းသာ​စေမယ်ထင်ခဲ့တာ တကယ်​တော့ အ​​ဖေတို့ အ​မေတို့က သားထက် အ​ဖေတို့ အ​မေတို့ရဲ့ သိက္ခာ အတ္တကြီး​တွေကို ပိုချစ်ကြတာပါ"

"မင်းက ကိုယ့်အမှား​တောင်မသိဘဲ မိဘကို ပြန်ခံ​ပြော​နေရ​အောင် ဘာအားကိုး​တွေများရ​နေလို့လဲ ဒီ​လောက်မာ​နိုင်တဲ့​ကောင် မင်းမှန်တယ်လို့ ထင်​နေသ​ရွေ့ ငါတို့ဆီပြန်မလာနဲ့"

ထွန်းမြတ်လဲ အိမ်နဲ့အ​ခြေအတင်ဖြစ်ပြီးအိမ်​ပေါ်ကဆင်းကာ ​နောက်တစ်ရွာမှာရှိသည့် သူ၏လက်ဦးဆရာ မာမီနိုးထံ ကူ​လုပ်ရင်း ပညာဆက်လက်ယူခဲ့သည်

"ညှိုး"(BL) CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ