ဒီလိုအခြေအနေမှာ ညှိုးအတွက်တော့ ကူကယ်ရာမဲ့ပါဘဲ တစ်ယောက်ထဲရှိသောအမေက တိမ်းပါးသွားပြီးနောက် ရက်လည်ဆွမ်းသွတ်လုပ်ပေးနေစဥ် အတောအတွင်းမှာလဲ အစ်ကိုက နေ့တိုင်းရောက်လာခဲ့ပါသော်ငှား အမေဟာ အစ်ကို့အမေ ပယောဂကြောင့် ဆုံးပါးသွားရသည်ကို သိနေသည့် အသိစိတ်က ဒေါသတွေက အစ်ကို့ဆီတောင်လိုယာလို ပုံခဲ့တော့သည်
အစ်ကို ကိုယ်တိုင်နောက်မှသိခဲ့ရသည့် ဖြစ်ရပ်တစ်ခုဟုဆိုစေကာမူ ညှိုးအမှားမကင်းတာ ပါသည့်တိုင် အမေ့ဇောနဲ့ အစ်ကို့အပေါ် အချစ်ထက် အမုန်းက အလေးသာသွားခဲ့ရသည်သာ
အကြိမ်ကြိမ်လာရောက်တောင်းပန်သော်လည်း ညှိုးအတွေ့မခံတော့ အစ်ကိုက တာဝန်ကျေလှသည် အတွေ့မခံသော ညှိုးကို ထွေးပွေ့နှစ်သိမ့်ခွင့်မရသော်ငှား နောက်ကွယ်ကနေ လိုအပ်တာများကူညီရန် ကြိုးစားခဲ့သည် ကူငွေဆိုပြီး ပို့လိုက်တဲ့ငွေက မနည်းသော်လည်း ညှိုးလုံးဝမသုံးခဲ့ ဒေါသကြီးသည့်ညှိုးကို ခွင့်လွှတ်အားနာမှုတွေနဲ့ အစ်ကိုဟာ ညှိုးဒီအရပ်မှာရှိနေသည့်တောက်လျှောက် မသိမသာတစ်မျိုး သိသိသာသာ တစ်မျိုး ကူညီခဲ့ပြန်သည်
လူတွေစိတ်ကလည်းအခက်သား ချစ်တုန်းကတော့ ဒါတွေက အချစ်ခံရတယ်ဆိုပြီး ကြည်နူးရသလောက် အချစ်တွေကုန်သွားတဲ့အခါ ဒီအရာတွေက အနေကြပ်စရာတွေသာ ထို့ကြောင့်ပဲ ညှိုးက အစ်ကိုနဲ့ဝေးရာ ထွက်ပြေးတိမ်းရှောင်ဖို့ မြို့တက်လာခဲ့သည် မာမီနိုးရဲ့အကူအညီနဲ့ မာမီနိုးတပည့်ဆီမှာ နေပြီး အကူထပ်လုပ်ခဲ့သည်
ဒီလိုတွေလုပ်ခဲ့မိတာဟာ ငယ်ရွယ်တုန်းဆိုတော့လဲ အစ်ကို့အမေကိုမုန်းတဲ့စိတ်က အစ်ကို့ဆီဟပ်ခဲ့တာ မှန်ပေမယ့် အချိန်တိုက်စားခဲ့တာကြာတော့ အစ်ကိုက ညှိုးအပေါ် အင်မတန်မေတ္တာရှိလှသည်ဆိုတာ ထင်သာလှပါသည်
အတွေးတွေစိုးမိုးနေခိုက်.....
"ညှိုး ဘာတွေဖြစ်လာတာလဲ မမိုးမေးနေတယ်လေ"
မမမိုး မေးထူးခေါ်ပြော အကြိမ်ကြိမ်လုပ်မှ ပစ္စုပ္ပန်ဆီ နေရာတကျ အတွေးပြန်ရောက်ရသည်
![](https://img.wattpad.com/cover/295388438-288-k566282.jpg)
ESTÁS LEYENDO
"ညှိုး"(BL) Complete
Historia Corta"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...