Ep11Uni+Zawgyi

7K 528 36
                                    

Unicode

"တို့အ​ပေါ် ဘာလို့များ ဒီ​လောက်အဖိုးထားရတာလဲကွယ် မဖြစ်နိုင်ပါဘူးလို့ အတန်တန်တား​နေရက်နဲ့"

"ညှိုး ဖြစ်​နေလို့​လေ ဒီအခွင့်အ​ရေးက ညှိုးဖြစ်​နေလို့ရ​နေတာမျိုး​ပေါ့  မဖြစ်နိုင်ဘူးဆိုထားတဲ့ ညှိုးအ​တွေး​တွေ​ကြောင့် ​မောင်က​တော့ အဆုံးစွန်ထိ ဆွဲထားချင်မိ​တော့တာပဲ"

ဆုံမိတဲ့မျက်ဝန်း​တွေမှာ ​မောင်ရဲ့​နွေး​ထွေးမှု​တွေ တရိပ်ရိပ်က တနင့်တပိုး ​မောင်ဟာ ညှိုးတွယ်တာရစ်ပတ်ချင်မိတဲ့ မြတ်နိုးဖွယ်ကြိုး​လေး

"တို့က​လေ မင်း​လေးကို ​နာမ်စား​ပြောင်းခေါ်ဖို့​ထိတော့ မစွမ်းသာ​သေးဘူးကွယ်"

"​မောင်က ညှိုးနဲ့ဆို စိတ်ရှည်သူပါကွာ"

"ညှိုးကို ဆွဲထား​ပေးခဲ့လို့ ​ကျေးဇူးပါ"

တကယ်​ကျေးဇူးတင်မိတာပါ​မောင် ညှိုးဘဝမှာ​လေ ရမလိုလိုနဲ့ဆုံးရှုံးသွားခဲ့ရတဲ့​မေတ္တာတရား​တွေ​ကြောင့် အကြိမ်ကြိမ်လဲပြိုခဲ့ရတဲ့အ​ပေါ် ​မောင့်ကို​တော့ ပစ်ယုံကြည်လိုက်​တော့မယ်လို့ ဆုံးဖြတ်လိုက်ပါပြီ ဆွဲထားရင်​တောင်တွန်းထုတ်ခံရမှု​တွေက ကျရှုံးမှု​တွေကို လက်သင့်ခံပြီး တို့အနားမှာ ဘယ်သူမှမထားရဲ​တော့တဲ့ထိ ​ကြောက်ခဲ့ရတယ် ဒီတစ်​ခေါက်​တော့ ​မောင့်ကိုအဆုံးစွန်ထိ ဆွဲထား​တော့မယ်

"ညှိုးမဆွဲထား​တောင် ​မောင်ကတွယ်ကပ်​နေအုံးမှာမို့ ​မောင့်ကိုယုံကြည်လိုက်ပါ ညှိုးကိုနာကျင်​​အောင်လုပ်မိတာ​တွေအ​ပေါ် ​မောင်ကပိုချစ်​ပေးမှာ"
    
ညှိုးလက်ဖျား​လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ​နွေး​ထွေးစွာ ကြည့်မိပါသည် ညှိုးရဲ့ဘဝမှာ မညှိုးငယ်​စေရ​အောင် ​မောင်က​​တန်ဖိုးထား​ပေးပါ့မယ်
              ×             ×              ×
ရုံးဆင်းတာနဲ့​ဆေးရုံကို အ​ပြေးလာတဲ့​မောင့်ကို ညှိုးတကယ် အားတုန့်အားနာဖြစ်ရပါတယ် ဘာမဟုတ်တဲ့ ​ရောဂါ​လေးမို့ ​မောင်ဟာပုံကြီးချဲ့လွန်းတယ်လို့ တို့ဆိုပြန်​တော့ "​မောင်ကညှိုးနဲ့ဆို အကဲပိုသူ အဖြစ် ​နေထိုင်ချင်တာပါ"ဆိုပြီး ချွဲချွဲနွဲ့နွဲ့​တွေလဲဆိုတတ်ပြန်သူ

"ညှိုး"(BL) CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ