Ep 12 Uni+Zawgyi

5.5K 459 16
                                    

Unicode

"ညှိုး က​ တဖြည်းဖြည်းချင်းကြွယ်ဝဆီတိုးလာ​ပေးပါ့မယ်"

"​မောင်က​တော့ ညှိုးတိုးလာတဲ့နား ​ပြေးလာမယ် ပိုပိုနီးစပ်​အောင်​ပေါ့"

​မောင့်စကား​ကြောင့် ငုံ့ထား​သော မျက်နှာ​လေးသည် ပြုံးစစ​လေးဖြစ်ရပြန်ပါသည်
×           ×        ×
​ဒေါက် ​ဒေါက် ​ဒေါက်

"လာပြီ"

အလာစကား​လေးဆိုရင်း တံခါး​လေးနား ညှိုးအ​ပြေး​လေးလှမ်းလာလိုက်သည်

"ကြွယ်ဝ"

"ဟုတ်ပါတယ်ခင်ဗျ ညှိုးအတွက် မနက်စာလာပို့​ရင်း မျက်နှာ​လေးလာကြည့်တာ"

ထိုသို့ မူယာမာယာများ​သော စကားများဆိုရင်း အိမ်အတွင်းသို့ လှမ်းလာ​သော ကြွယ်ဝ​နောက် ညှိုး ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်

"အ!!"

ညှိုး​နောက်က လိုက်လာမှန်းသိသိရက်နှင့် လှည့်လိုက်​သော​မောင့်​ကြောင့် ညှိုး မျက်နှာ​လေးက ​မောင့်ရင်ခွင်ထဲအပ်လျက်

သူကမည်သို့​သောစိတ်မှမရည်ရွယ်သည့် အလား ညှိုး၏ပုခုံး​လေးနှစ်ဖက်အား ကိုင်ရင်း ဆိုဖာ​လေးထက် အသာအယာထိုင်​စေပြီး

"ညှိုး က ဒီမှာ​စောင့် ​မောင်က မုန့်သွားထည့်​ပေးမယ်"

ထိုသို့ ​ပြောရင်း အိမ်​နောက်​ဖေးသို့ လှမ်းသွား​သော​မောင်က မိနစ်အနည်းငယ်ကြာ​သောအခါ ပန်းကန်ပြား​လေးနှင့် ပန်းကန်လုံး​လေး ကိုင်မရင်းထွက်လာသည်။ပြီး​နောက်ညှိုး​ရှေ့က စားပွဲခုံထက် ထိုပန်းကန်နှစ်ခုတင်​ပေးရင်း ညှိုးန​ဘေးကို ထိုင်လိုက်သည်။

"ညှိုးက နန်းကြီးသုပ်ကြိုက်တာမို့ ​မောင်က မှတ်ထားပြီး ဝယ်လာတယ် ​မောင်​တော်တယ်မလား"

ညှိုးက ပြုံး​ယောင်သမ်းရင်း ​​ခေါင်းငြိမ့်ပြလိုက်သည်

"ဒါဆို ​မောင်လို့​ခေါ်"

အမိန့်​ပေးတာမျိုး မဟုတ်ပါဘဲ ချွဲနွဲ့​နေတာမျိုးက ​မောင်က က​လေးတစ်​ယောက်သာသာ

"အို မုန့်​လေးတစ်ခုအတွက်နဲ့ ဒီလို​ခေါ်ရမှာလား"

"ဒါဆို မုန့်​တွေများကြီးဝယ်​ပေးရင်​ရော"

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora