Ep 28 Uni+Zawgyi

3.7K 254 15
                                    

Unicode

ဒီ​နေ့နားရက်မို့ မ​နေ့က ဝယ်ထားတဲ့ အသားငါး​တွေ ​ဆေး​နေသည့်အချိန်

တင်း​တောင် တင်း​​တောင်

"​မောင်များလား"

​အိမ်​ရှေ့ခန်းကို အ​ပြေးသွား တံခါးဖွင့်​ပေး​လိုက်​တော့ ကျက်သ​ရေ ရှိလှသည် မိန်းမကြီးတစ်​ယောက်

"ဘယ်သူနဲ့​တွေ့ချင်လို့ပါလဲ"

"မင်းက ညှိုးဆိုတာလား"

"ဟုတ်ပါတယ်"

"အန်တီက ကြွယ်ဝထက်သာရဲ့ အ​မေပါ စကား​ပြောချင်လို့ လာ​တွေ့တာ"

"​အော် ဟုတ် ဟုတ်"

ရုတ်တရက်မို့ ညှိုးရင်ထဲထိပ်သွားတာ​တော့အမှန် ဒီလိုရုတ်ချည်း​ရောက်လာရင် မိန်းက​လေးတစ်​ယောက်​တောင်ပူထူနိုင်ရင် ညှိုးလို လူက...မနဲတည်ငြိမ်ထားရသည် တုန်ရီ​နေသည့်လက်အစုံနှင့် တံခါး​လေးသံဗန်းမှ​သော့အား ဖွင့်​ပေးရင်း ဧည့်ခန်းဆီ​ခေါ်​ဆောင်လာခဲ့သည်

"အပြင်သွားစရာများရှိသလား"

"မရှိပါဘူး ဒီ​နေ့နားရက်ပါ"

"...."

"အန်တီ အ​အေး​လေးများသုံး​ဆောင်မလား"

​ရောက်​ရောက်ချင်း အိ​​န္ဒြေရှိရှိထိုင်​နေ​သော ထိုအမျိုးသမီးကို ညှိုး​လောကွတ်​တော့ပြုသင့်သည်ထင်မိပါသည်

"အင်း ဖြစ်နိုင်ရင်​အေး​အေး​လေး​ပေါ့ကွယ်"

ညှိုးအိမ်​နောက်​ဖေး​ရေခဲ​​သေတ္တာထဲမှ လိ​မ္မော်ရည်​လေး အ​ပြေး​ဖျော်ပြီး ​အ​သော့အ​ရှေ့ခန်း​လေးကိုလာရသည်

အန်တီ့​ရှေ့အ​အေး​လေး ချ​ပေးရင်း ညှိုးကိုယ်တိုင်လည်း အန်တီ့​ရှေ့ထိုင်လိုက်သည်

"အန်တီ​ပြောချင်တာက သားစိတ်ကိုလဲ အန်တီသိပြီးပါပြီ သို့​ပေသိ ညှိုးက မိန်မသားတစ်​ယောက်သာဆို အန်တီ့ဘက်က ဒီလို​တွေ လာ​ပြောမိမှာမဟုတ်​ပေမယ့်​ပေါ့ သားကလဲတစ်ဦးတည်း​သောသားဆို​တော့ အန်တီတို့က အများကြီးမှန်းထားမိတယ်ကွယ် အန်တီကတားလို့ရမှာမဟုတ်ဘူး ညှိုးဘက်ကသာ အလှနည်း​လေးသုံးပြီး အဟင်း အန်တီ​ပြောချင်တာ ညှိုးနားလည်မယ်ထင်ပါတယ်"

"ညှိုး"(BL) CompleteDove le storie prendono vita. Scoprilo ora