Ep 18 Uni+Zawgyi

4.2K 304 9
                                    

Unicode

"ညှိုး​လေး​ရေ မာမီနိုးကိုတစ်ခု​လောက်ကူညီ​ပေးလို့ရမလား"

"ဟုတ် ​ပြောပါ မာမီနိုး"

"မာမီ​လေ ​ခြေလက် မသယ်ချင်ဖြစ်ပြီး ​နေမ​ကောင်းဖြစ်​နေလို့ နက်ဖြန်မာမီ သွားပြင် ရမယ့်အိမ်ကို ညှိုး အစား သွားပြင်​​ပေးလို့ရမလား"

"ညှိုးက​တော့ ရပါတယ် မာမီ့ကို ငှားတာဆို​တော့ ညှိုးကိုများမကြိုက်ရင်"

"မပူနဲ့ ညှိုး မာမီ အကျိုးအ​ကြောင်း​ပြောဖို့ လူကြုံပါးထားပြီး​သား"

"ဒါဆို ရပါတယ် မာမီနိုး ညှိုး ဘယ်သူ့ကို သွားပြင်​ပေးရမလဲ"

"ညှိုး​လေးသိမလားဘဲ မာမီတို့ဆိုင် အမြဲဆံပင်လာလုပ်​နေကျ ခပ်​ချော​ချော က​လေးမ​လေး ဟို​နေ့ကမှ ဆံပင်လာ​ဖြောင့်သွားတာ​လေ စူးရှရတီဆိုတဲ့​ကောင်မ​လေး"

"သိပြီ မာမီ"

"သူ့အိမ်က မာမီတို့၂လမ်း​ကျော်မှာ"

"ဟုတ်မာမီ ဘာအတွက်ပြင်မှာလဲမာမီ"

"မင်္လာ​ဆောင် အတွက်သမီး သတို့သား​ရော သတို့သမီး​ရော အပြီးအစီးပြင်ဆင်မှာ"

"ဟုတ်မာမီ မနက် ၅နာရီပဲမလား မာမီ"

"ဟုတ်တယ်ညှိုး​လေး"

"ညှိုး အိမ်က တန်းသွားလိုက်မယ်မာမီ ညကတည်းက ညှိုး ပန်း​တွေယူသွားလိုက်မယ်​နော်"

"ရတယ် ညှိုး"
×××××××××××××××××××××××××××
"အိမ်ရှင်တို့ အိမ်ရှင်တို့"

အသံခပ်ရှရှ​လေးက ခြံဝင်းအတွင်းပြန့်နှံ့သွား​တော့ အိမ်ကြီးရှင်ထဲက လူတစ်​ယောက်ထွက်လာတယ်

"ဘယ်သူနဲ့​တွေ့ချင်လို့ပါလဲ ခင်ဗျ"

"လျညှိုးသွယ်ပါ မာမီနိုးအစား ရတီ​လေးကို လာပြင်​ပေးတာပါ"

မျက်​တောင်​ကော့​ကော့​လေး​တွေ ပါးလျလျနှုတ်ခမ်း ပန်း​ရောင်​​လေး​တွေနဲ့ ပုခုံး​လောက်ရှိတဲ့ဆံပင်​လေး​တွေစုစည်းထားပြီး ပန်း​နု​ရောင် ဝမ်းဆက်​လေးနဲ့ယဥ်လှတဲ့ အလှ​လေးက​လေ ​ယောက်ျား​လေးတဲ့လား မယုံနိုင်စရာ

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora