ညှိုးအိမ်ရောက်တော့လဲ သော့ခတ်ထားသည်မို့ ညှိုးအိမ်မှာပါ မရှိကြောင်းသိသာလှသည် ထူပူစိတ်က ပိုအလေးသာရတော့သည်သာ
သို့ပေသိ ညှိုးကို ဘယ်ဆီဘယ်ဝယ်သွားရှာရပါ့ ညှိုးဆိုသည်က အရင်ကလဲ ဆိုင်နဲ့အိမ် သူနဲ့ချစ်သူဖြစ်တာတောင် သူကနေရာရှာ လိုက်ပို့မှ များများစားစား သွားဖြစ်သူ ပိတ်ရက်ဆိုလဲ အိမ်မှာဟင်းချက် အဝတ်လျှော်နှင့် သေချာတွေးတောမိတော့ ညှိုးသည် အင်မတန် အနေအေးပြီးသာမာန်သာ နေသူပင်မလား သူရောက်လာမှ ပူပန်လာရသည်လား မသိတော့ပေ
ရှာဖို့ခက်နေလှသည်မို့ အိမ်တော့ ညှိုးက ပြန်လာကောင်းပါရဲ့ အခန်းတံခါးသော့ဖွင့်ပြီး ဧည့်ခန်းခုံမှာထိုင်နေသည်က အချိန်အားဖြင့် ၃နာရီကြာမြင့်ပြီ
ညှိုးရောက်လာလျှင် ထမင်းစားပြီးမှာမဟုတ်လောက်ဘူး အပြင်စာကိုလဲ သဘောမှမတွေ့သည့် ထိုသူလေးအတွက် စောင့်ရင်း ချက်တတ်သည်ဆိုသည်က ကြက်ဥကြော်သာ ထမင်းအိုးလေးတည်ပြီး အသင့်စောင့်နေရမည် လက်ဆုံစားဖို့အတွက်ပဲမလား
အနည်းနဲ့အများတော့ ညှိုးကို ပျော်စရာ သတင်းကောင်းများ ဆိုမိလျှင် ချက်ချင်း ပူပန်နေသည့် မျက်နှာလေးက အေးချမ်းသွားမည်ကို တွေးတောမိရုံနှင့် ရင်ထဲကြည်နူးရပြန်သည်
အလုပ်များအကုန်ပြီးစီးတော့ နာရီဆီ အကြည့်ရောက်ပြီး သက်ပြင်းခပ်နွေးနွေးချမိရပြန် အချိန်အားဖြင့် ၉နာရီ ထိုးနေပြီ ဘာအတွက်ကြောင့်များ ပါလိမ့်ဟု တကယ်ပင် စဉ်းစားမထွက်ပါလေ
TVဖွင့်ကြည့်တော့လဲ စိတ်က ဘယ်စုနိုင်မလဲလေ ထို့ကြောင့် TVပြန်ပိတ်ပြီး မမိုးဆီ ဖုန်းဆက်တော့လဲ သူကလဲထပ်တူ ပူပန်နေရကြောင်းပဲ ကြားသိရပြန်
၁၀နာရီတိတိရောက်တော့ အပြင်က ဘာဂျာ တံခါးဆွဲသံ ကြားသည်နှင့် ညှိုးပြန်လာသည်ကို သိလိုက်ရသည်
ခတ်ထားသော သော့က ပွင့်နေကတည်းက မောင်ရောက်နေကြောင်း ညှိုးအတပ်သိလိုက်ပါပြီ ညှိုးလဲပြင်ဆင်သင့်သလောက် စိတ်ကိုပြင်ဆင်လာပြီးပြီလေ ဒီနေ့မောင့်ကို စိတ်နာအောင်ဆိုရမလား အတင်းပဲတွန်းထုတ်ရမလား တော့ ကြိုတွေးသော်လည်း မထွက်လာပါ ကိုယ်ကလဲတစ်ဖက်ကို မဆွဲချင် အနားရှိသူကိုလဲ အဝေးမှာထားရမည်
ŞİMDİ OKUDUĞUN
"ညှိုး"(BL) Complete
Kısa Hikaye"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...