Ep 14 Uni+Zawgyi

4.2K 352 7
                                    

UniCode

"နက်ဖြန် တို့ ဆိုင်ပြန်သွား​တော့မယ်"

"သက်သာရဲ့လား ညှိုးရဲ့"

"အရှင်းသက်သာ​နေပါပြီ"

တီဗွီဖွင့်ထား​သော်လည်း​ဘေးချင်းကပ် စကား​​ပြော​နေသည့်​တိုင် ​မောင်က တီဗွီဘက်လှည့်မထိုင်ဘဲတို့န​ဘေး တို့မျက်နှာကို ​သေချာကြည့်ရင်းဆိုသည်

"ညှိုး"

"ဟင်"

ညှိုးက​တော့ တီဗွီမှာလာ​နေတဲ့ koreaကားကိုကြည့်ရင်းသာ ထူးလိုက်သည်

"ခုနကလိုပဲ အမြဲ​ခေါ်ပါလား ​မောင်လို့​လေ"

ချွဲ့နွဲ့​တောင်းဆို​နေတာမဟုတ်​သော်လည်း လိုအပ်​ကြောင်းဖွင့်ဟလာသည့် ရင်ထဲကလိုအပ်ဆန္ဒတစ်ခုသာ ဖြည့်ဆည်း​ပေးရင်​ပျော်မည် မဖြည့်​ဆည်းပေးရင် ​ရောင့်ရဲမည် ​မောင်ဟာ တို့ကို ထို​လောက်ထိ ​အ​နေမကြပ်​အောင် မြတ်နိုး​ပေးပြန်သည်

​ခေတ္တအကြာ ​ညှိုးမောင်ဘက် မျက်နှာ​သေချာဦးတည့်လို့

နှုတ်ခမ်း​လေးလှုပ်ခတ်ရုံ နှစ်ကိုယ်ကြား ကြားရုံဆိုမိသည်က

"​မောင်!"

​မောင် လှိုက်လှိုက်လှဲလှဲ ​ပျော်​နေပုံက တို့ထံပါ ချက်ချင်း ကူးစက်လွယ်သည်

ထိုအခါ ငြိမ်သက်သွားသည့်​မောင်က လက်ဖမိုး​လေးများ​​မြှောက်၍ ညှိုးပါး​လေးကို ခပ်ဖွဖွဆွဲညစ်ရင်း

"နားထဲ ချိုမြသွားတာပဲ"

"အို....နားက အရသာမှမခံတတ်တာပဲ"

ညှိုးစကား​​ကြောင့် ပလီပလာ ​ပြော​နေသည့်​ မောင်က ​ခေါင်း​လေး​မော့လို့ သူ့အသံ​သြသြ​လေးက အခန်းထဲ​ပျံ့လွှင့်သွားစွာရယ်စပျိုးလိုက်သည်

ထိုအခါ ညှိုးက

"နားက အရသာခံတတ်တယ်​မောင်"

ညှိုး စကား​ကြောင့် ​မောင်ကရယ်​နေတာ​လေး အနည်းငယ်ရပ်ပြီး ညှိုးအ​ပြောကို​စောင့်​နေသည်

"​မောင့်ရယ်သံက​လေ ညှိုးနား​လေးကို ​နွေး​သွား​စေတာပဲ"

"ဒါဆို ပို​နွေး​ထွေးတဲ့နည်း ရှိတယ် ဒီလို​လေ"

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora