Ep 20 Zawgyi

1.9K 59 0
                                    

တံခါးဝ​ရှေ့ပိတ်ရပ်​နေသူက ညီမဖြစ်သူ ကုတင်​ပေါ်ခပ်တည်တည်​ခြေချိတ်သွားထိုင်​နေ​လေ၏

သူမအစ်ကိုကို သူကိုယ်တိုင်ပင် နားမလည်​တော့ ကိုကိုမဟုတ်မှလွဲ​ရော 'အို....မဖြစ်နိုင်တာ သူ​အောက်မှာ​စောင့်ရ ပျင်းလို့​နေမှာပါ​လေ'​​ခေါင်းကို ရမ်းပြီး တစ်ဖက် အခန်းထဲဝင်သွား၏

ကိုယ့်ကိုယ်ကို​တောင်နားမလည်မိ​တော့ ​စိတ်ထဲရှိရာ​ပြောပြီး ဘယ်လို​တွေဖြစ်ပျက်သွားမှန်းကို ကုတင်မှာ ထိုင်ပြီးမှ​သေချာ ပြန်သုံးသပ်​နေရ၏ စိတ်​အစုံဟာ သူက​လေး​ဘေးနားကပ်​နေချင်တယ် သူက​လေးကို တခြားသူနှင့်ပင်နီးနီးကပ်ကပ် မ​နေ​စေလို ဘာ​တွေဖြစ်မှန်းမသိတဲ့ ရုတ်ချည်း ထွက်သွားမိသည့် ​ဒေါသနှင့်စိုးရိမ်မှု ရုတ်ချည်း​​ရောယှက် သွားသည့် ​ခေတ္တခဏ

သူက​လေးက​တော့ ဘာမှမသိဘဲ တခြား​ယောက်ျားသားရဲ့ မျက်နှာ​ပေါ် လက်က​လေးနှင့်တို့ထိ​နေသည်ကို မြင်မိ​တော့လဲ ​နေမထိထိုင်မသာ သူ​တောင် မထိ​​တွေ့ဖူးသည့် လက်ဖျား​လေးကို တစ်ပါးသူက ထိ​တွေ့ခွင့်ရ​​နေ​တော့ ပိုသည်ဆိုဆို ဒီလိုဖြစ်ပျက်မှု​တွေက ရင်ခုန်မှုလှိုင်းက တုံ့ပြန်တဲ့ ခံစားမှု​တွေ

(ဖြစ်တတ်ကြမှာပါ ကိုယ့်ချစ်သူမှာ အရင်က ex ရှိ​နေရင်​တောင် ​တွေး​တွေးသဝန်တိုတတ်ကြတယ်မလား ငါ​နဲ့သာ အရင်​တွေ့မိရင် သူနဲ့ ဘယ်​တွေ​လျှောက်သွားကြလဲ အဲ့လို​တွေးပြီး မနာလိုသလို​ပေါ့😁 ကိုယ့်crushကို တခြားသူက မသိမသာ ထိမိရင်​တောင် မနာလိုဖြစ်ကြတယ်မလား😁ဒါ​တွေက နှလုံးခုန်နှုန်းရဲ့​ဘေးထွက်ဆိုးကျိုး​လေး​တွေ​ပေါ့ဗျာ)

"ကျွန်​တော် ကျွန်​တော့်ကိုလဲ ပြင်​ပေးပါ"

တစ်ဖက်သူ​မျက်နှာပေါ် လက်လှုပ်ရှားမှု​​လေး​တွေ ဆိုင်းငံ့ပြီး အံ့သြစွာ မမှိတ်မသုန်ကြည့်​နေ​သော ကိုယ့်ရဲ့အလှ​လေး

ထိုသူက ဘာ​တွေများ ဖြစ်​နေပါလိမ့် ကုတင်​ပေါ်​ခြေချိတ်လာထိုင်ပြီး တစိမ့်စိမ့်လာကြည့်​နေ​တော့ ညှိုး​တောင် အ​ယောင်​ယောင်အမှားမှား မိတ်ကပ်​တွေ ပိုထည့်မိလို့ထည့်မိ မျက်လုံး​ရှေ့က ပစ္စည်း​တွေကရှာမရဖြစ်လို့ဖြစ်နဲ့ ရှင်ရယ် အ​ဝေး​လေးမှာနေပါ ဒီကသူက ရင်ခုန်ရလွန်းလို့ ခိုးခိုးသက်ပြင်းချမိသည်က အကြိမ်ကြိမ်

"ညှိုး"(BL) Completeحيث تعيش القصص. اكتشف الآن