Unicode
လူနှစ်ယောက်ကြား တစ်ယောက်ခံစားချက်ကိုတစ်ယောက်က မပြောဘဲသိနိုင်ဖို့ အချိန်ဘယ်လောက်ကြာမယ်ထင်လဲ?
တို့အဖြေကတော့ ချစ်သွားရင် အရိပ်တကြည့်ကြည့် ကြည့်ရင်း နားလည်ပေးရင်း ခံစားတတ်လာလိမ့်မယ် ဒါတွေက ရင်ထဲက ဖြစ်တည်လာတဲ့အလိုလို သိစိတ်ပါ မင်းစစ်မှန်ရင်စစ်မှန်သလိုပေါ့
ဒါဆို ညှိုးနဲ့ထိန်းတောက်ကရော ဘယ်တော့များ စိတ်ချင်းနီးလာမလဲ.....
အပေါ်တက်သွားသူက ခြေသံမကြားအောင်ဆင်းလာပေမယ့် ညှိုးက သူဆင်းလာမှန်းတန်းသိသည်ထိ စိတ်ထဲလျင်မြန်စွာဝင်သွားမိသည်ထင့်
"ဟို...."
နာမည်ကို ချက်ချင်း မှတ်နိုင်စွမ်းရှိလောက်အောင် ကျွန်တော် ဥာဏ်မစွမ်းပေမယ့် ကျွန်တော် တန်းမှတ်မိခဲ့သည့် 'လျညှိုးသွယ်' သို့ပေသိ ကျွန်တော်နာမည်ကို စမခေါ်ဖြစ်ခဲ့ မဟုတ်ဘူး စ မခေါ်ရဲခဲ့တာကြောင့် နှုတ်ခမ်းက ထွက်လာသည်က အသံတစွန်းတဆ
ကျွန်တော့်အသံက ချက်ချင်းကြားသည်ထိ နားပါးသူက ခေါင်းလေး လှည့်လာ၏
"ညီမလေးက အပေါ်ခန်းမှာအဆင်သင့်ဖြစ်ပြီဗျ တက်လာလို့ရပါပီ"
"ဟုတ်"
ခေါင်းလေးဆတ်ရင်း ကိုယ့်မျက်နှာပါ သေချာမြင်လောက်အောင် ပြောင်အောင်တိုက်ထားသည့် ကြမ်းခင်းပေါ် ခြေချရုံမက ကြောင်လိမ်လှေကားပေါ်ပါတက်ရသည်က ဒီအိမ်ကြီးက ညှိုးအတွက်တော့ နန်းတော်တမျှ
အရှေ့က တက်သွားသူက ညှိုးကိုစောင့်ရင်း ဖြေးဖြေးချင်းတက် ညှိုးကလဲ ဟိုကြည့်ဒီကြည့်တက်ရင်း
"အို.."
ထိုသူရဲ့ကျောဘက်ကို တိုက်မိသည်ထိ ညှိုးက စိတ်တွေထွေပြားနေသလား စူးစမ်းချင်နေသလား ညှိုးကိုယ်တိုင်ပဲသိပါမည် သေချာတာကတော့ ထိုသူရဲ့ကျောပြင်ကျယ်ကျယ်က လွမ်းမောဖွယ် မထိရက်ဖွယ်တောင့်တင်း ခိုင်မာလှသည်
"ရရဲ့လားဗျ"
တိုက်မိသည်ကြောင့် ချက်ချင်းလှည့်ကြည့်လာသူက စိုးရိမ်မှုက အထင်းသား မည်သို့ဆိုလှေကားပေါ်ခပ်ယိုင်ယိုင်ဖြစ်သွားသည်က ညှိုးကိုယ်တိုင် အို သူ့ကျောပြင်က အမြင်တင်မဟုတ် တကယ်ပင် တောင့်တင်းလှသည်သာ
ESTÁS LEYENDO
"ညှိုး"(BL) Complete
Historia Corta"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...