Ep6 Uni+Zawgyi

5.8K 598 20
                                    

Unicode

မောင်က ဒီ​နေ့ပို ပြတ်သား​နေ၍လားမသိ ပိုခန့်ညား​နေခဲ့တယ် အရင်က ဆံပင်အုပ်အုပ်​လေး​တွေက နဖူး​ပေါ်မှာဟိုတစ်စဒီတစ်စနဲ့ ချစ်စဖွယ်​မောင်က ဒီ​နေ့​တော့ ဆံပင်ကို​ဂျယ်အကူအညီနဲ့မညီမညာ ​ထောင်ထားတတ်တယ် တင်းတင်းဖိထားတဲ့ ​မောင့်နှုတ်ခမ်းမထူမပါးမှာ အရာ​လေး​တွေကအစ ​ငေးစဖွယ် ညှိုးရဲ့​မောင်က ဒီ​နေ့​​တော့ လူကြီးလူ​ကောင်းတစ်​ယောက်ပါ

ညှိုး​လေ​မောင့်ကို စိတ်မဆိုးပါဘူး ​မောင်ဟာ ညှိုးဆီက စိတ်အသွင်​တွေအထိပါလွတ်​မြောက်ပြီး ငြိမ်း​အေး​ပျော်ရွင်​နေတဲ့အမျိုးသားတစ်​ယောက် ဖြစ်​နေတဲ့အတွက် ညှိုးကပို​စိတ်ချသွားရရုံပါ

ကြိတ်ထားတဲ့နှုတ်ခမ်းသား​​လေး​တွေက ​သွေးအရသာ မသိမသာခံစား​နေရသည့်တိုင် ညှိုးတင်းခံထားရသည့် အဖြစ်က မိမိကိုယ်ကို မတုန်လှုပ်​စေဖို့ထက် မပို​စေခဲ့ပါဘူး ညှိုးမထင်ခဲ့ဘူး​လေ ​မောင်ဟာရက်စက်တတ်မှန်း ​

​မောင်ကမ်းလာတဲ့ဖိတ်စာ​လေးကို အစွန်း​လေးက​နေသာ ခပ်ယဲ့ယဲ့ပြုံးရင်း လှမ်းယူလိုက်တယ် *​မောင်​ပျော်​နေတယ်မလား ​မောင်​ပျော်ရင်ရပြီမို့*စိတ်ထဲက​ရေရွတ်မိ​သောစကားအချို့

"​​လက်ထပ်ပွဲ​တော့လာမယ်မလား"

အရင်ကညှိုးလို့ တဖွဖွ​ခေါ်တဲ့​မောင့်ပါးစပ်ဖျား​လေးက မ​တွေ့တာကြာ​တော့ စွန့်လွှတ်ပြီး​ကြောင်းသက်​သေအခိုင်အမာ

"တို့လာပါ့မယ် ကိုကြွယ်ဝထက်သာ"

​ညှိုးစကားအဆုံး ​မောင်ရဲ့နှုတ်ခမ်းတစ်ဖက်စွန်း​ကော့တက်ရင်း အသိအမှတ်ပြုလာသည် ​

​​​​မောင်က တစ်ချက်တုန့်ဆိုင်းချင်းမရှိ ညှိုးကို​ကျောခိုင်းကာ ထွက်ခွာသွားခဲ့ပြီ ညှိုးက ​မောင့်​ကျောပြင်​တွေမတ်​နေတာကိုပဲအမြဲမြင်ချင်တာ
                 ×             ×             ×
​ဒီအပတ်မှာ​တော့ ​မောင်ဟာ အရင်ကလို တစ်​ယောက်ထဲမလာတတ်​တော့ဘူး ​ဘေးနားမှာသူနဲ့အတူလိုက်ဖက်ညီတဲ့ အမျိုးသမီးငယ်​လေးက မှီတွယ်လို့​ပေါ့ ​မောင့်ကိုတွတ်တီးတွတ်တာ​လေး​တွေ ​ပြော​နေတာများ ​မောင်​ပျော်​နေပြီထင်ပ ​​

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora