Ep 26 Uni+Zawgyi

4K 287 9
                                    

Unicode

"​မောင်"

"​ပြော​လေညှိုး"

ညှိုး ပိတ်ရက်​တော့ မုန့်ဆိုင်​လေးမှာ ​မောင်နဲ့Dateဖြစ်သည်

"ညှိုးကို ဘယ်အတိုင်းအတာထိ​မောင်စဥ်းစားထားတာလဲ"

"တစ်ဘဝစာအတွက်​ပေါ့ ညှိုးရဲ့"

"တစ်ခဏတာ အတွက်ပဲ ညှိုးတို့က အဆင်​ပြေ​လေမလား​မောင်"

"တစ်ခဏတာ အတွက်ဆို ညှိုးကို ​​မောင်မတွဲ​နေ​တော့ဘူး"

ညှိုးစကား​ကြောင့် ခပ်​ဆတ်ဆတ်​ဒေါသသံ စွတ်​နေ​သော စကား

"​ညှိုးတို့က သဘာဝမှမကျတာ​မောင်ရယ်"

"ညှိုး ဒီလိုစကား​တွေပဲ ဒီ​နေ့​ပြောဖို့​တွေးထားရင် စကား​ပြောမ​နေနဲ့​တော့"

​မောင်ဟာ ညှိုးဆီမှာသာ တစ်ရံတစ်ခါ က​လေးဆန်ချင်ချင်ရှိ​​ပေမယ့် အလုပ်တစ်ခုကိုဦး​ဆောင်​နေတဲ့သူပီပီ သူခပ်တန်းတန်း​ပြောရင်​တော့ အာဏာစက်ရှိ​လှသည်

"...."

"ညှိုးကို အ​တွေးမလွန်​စေချင်ဘူး ဒါ​တွေက ​ဝေး​သေးပါတယ်"

​မောင့်စိတ်ကို အကဲခတ်ဖို့ ညှိုးကိုယ်တိုင် တစ်ခါတစ်​လေ ခက်မိသည် ​နောက်ဆုံးထိ​တွေးသည်​ပြော​သော်လည်း အချိန်ဆွဲ​နေတတ်ပြန်သူ ​မောင်ဟာ တစ်ခါတစ်​လေ သူ​ပြောသည့်စကား​တွေဟာ ​မျှော်လင့်ခွင့်​ပေးလိုက် ရိုက်ချလိုက်ဆန်သည်

ခုလည်းကြည့် တစ်ဘဝစာလို့​ပြောလို့ ညှိုး မမှန်းရဲ​ပေမယ့် ​ပျော်​တော့မယ့်အချိန်မှာ ​ဝေး​သေးတယ်မ​တွေးနဲ့အုံးဆိုပြီး မ​ရေရာမှု​တွေပြန်​ပေးပြန်သည် သာမန်မိန်းက​လေးဆိုရင်​တောင် ဇ​ဝေဇဝါဖြစ်​နိုင်တာ ညှိုးလိုဆို ပို​ဝေး​နေသလား ​မောင်က ညှိုးကို အဆုံးထိလက်တွဲပါ့မလား​လေ ညှိုးအ​တွေးများရပါသည်

မင်းတို့သိကြလား လူ​တွေရဲ့မသိစိတ်မှာ ဒီလူကို​ရွေးချင်​နေသည့်တိုင် အ​ရင်ကသူကြုံဖူးတဲ့လူနဲ့ မသိမသာ နှိုင်းယှဥ်တတ်ကြတဲ့ အုံ့ပုန်းစိတ်​လေးရှိကြတယ်

အတိတ်ဆီကူးလူးချိန်ဝယ်

"ကိုကိုက​လေ ညှိုးကို အဆုံးထိ ချစ်ချင်တာ ညှိုး အစ်ကို့ကို ထားသွားရင်​တောင်​​ပေါ့"

"ညှိုး"(BL) CompleteTempat cerita menjadi hidup. Temukan sekarang