ဒီနေ့ ဆိုင်ပိုင်ရှင် မမမိုးကလဲနေမကောင်းသည်မို့ အလုပ်တွေအားလုံးက ညှိုးခေါင်းပေါ် ဆိုက်ဆိုက်မြိုက်မြိုက် ဒီနေ့ညှိုးသာဆိုင်ပိတ်ဖို့ရန်နှင့် ကျန်အလုပ်တွေပါ ပိုမို၍ဂရုစိုက်တာဝန်ယူရသည်
ဆိုင်ပိတ်ခံနီး၁နာရီအလိုမှ မောင်၏ကောင်မလေးက ဆံပင်ကောက်ချင်သပဟု ပူဆာသဖြင့် သက်ပြင်းတိုးညှင်းစွာချကာ လိုက်လျောပေးရသည် ထိုနေ့တော့ အိမ်ပြန်နောက်ကျတော့မည် အလုပ်အပေါ်တာဝန်မကျေချင်လို့ မဟုတ်ပါဘဲ ညှိုးတို့အိမ်လမ်းက လူပျက်သည်မို့ ညှိုးလိုယောကျ်ားကိုယ်နှင့်မိန်းမစိတ်လိုလူကို စချင်နောက်ချင်ကြသည့် ပတ်ဝန်းကျင် ယောကျ်ားသားတွေက ထိုထိုဤဤ များပြားလှသည်
ညှိုးလည်း အိမ်ပြန်ရန် ထမင်းချိုင့်လေးဆွဲကာ ဆိုင်တံခါးပိတ်နေစဥ်တွင် မောင့်ကားက ဆိုင်ရှေ့လေးသို့တအိအိထိုးရပ်လာခြင်းနှင့်အတူ ညှိုးနဘေးက မိန်းမငယ်လေး၏အသံဆာဆာလေးက ထွက်ပြူလာသည်
"ကိုကို လာပြီလား"
"အင်း ကိုကို ရုံးမှာအလုပ်မပြီးသေးလို့နောက်ကျသွားတယ်"
"ကိုကို ချစ်တို့လေ မမသွယ်ကို လိုက်ပို့ရအောင် ချစ်ကပူဆာလို့ ဆံပင်ကောက်ပေးရင်း ဆိုင်ပိတ်ချိန်နောက်ကျသွားလို့"
ညှိုးလည်း တံခါးသော့ခတ်ပြီးအလှည့် မောင့်ကောင်မလေးက ညှိုးလက်ကို ဆွဲလိုက်သည်မို့ အနည်းငယ်အံ့သြမှုကြောင့် ပါးစပ်လေးပါ ဖွင့်ဟသွားရသည်
ထိုအပြုအမူက မောင့်အားပူလောင်စေသလားမသိ ညှိုးအားလက်ဆွဲထားသည့် ချစ်သူကောင်မလေးလက်ကို ငေးကြည့်ရင်း ဒေါသရိပ်ဖုံးသော မျက်ဝန်းကို ချက်ချင်းပြောင်းလွှဲကာ မသက်မသာ "အင်း"ဆိုသည့် ဖြေသံ ညှိုးလဲ သူ့ကောင်မလေးလက်ကို ဆွဲလိုက်တာမဟုတ်ပါဘဲ ဒေါသထွက်နေသည့်မောင်ဟာ အချစ်သည်းလှသူပီပီ
"မဟုတ်တာ ရပါတယ် တို့ဘာသာပြန်လိုက်ပါ့မယ် ဝန်ထုပ်ဝန်ပိုး....."
"ရပါတယ် ကျုပ်တို့ လမ်းကြုံပါတယ်"
ညှိုးကိုစကားဆုံးအောင်ပင် အပြောမခံဘဲ ဒေါသသံစွတ်နေသော မောင့်အဖြေက သူ့ကောင်မလေးစကားကို နာခံနေဟန် မောင်ကသူတစ်ပါးကို အရမ်းချစ်ပေးတတ်သူ
![](https://img.wattpad.com/cover/295388438-288-k566282.jpg)
KAMU SEDANG MEMBACA
"ညှိုး"(BL) Complete
Cerita Pendek"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...