Ep 24 Uni+Zawgyi

3.3K 263 5
                                    

Unicode

"ညှိုး အစ်ကို့ကို ​သေချာ​တွေး​တောပါ့မယ်"

"ကိုယ်​စောင့်​နေပါ့မယ် ညှိုး ကိုယ့်ကိုပြန်ခွင့်ပြုပါအုံး မနက်ကျရင် ညှိုးများ ဆန္ဒရှိရင် ကိုယ်လာကြိုခွင့်ရှိမလား"

ညှိုး​လေး အပြုံး​လေးဖြင့် ​ခေါင်းကိုညင်သာစွာ ငြိမ့်ပြလိုက်သည်

အစ်ကိုက ညှိုး ​​ရုန်းထွက်မရတဲ့ပိုက်ကွန်​လေးပါပဲ လိုလိုချင်ချင် အမိခံတဲ့ သား​ကောင်​လေးက ညှိုးပါ အစ်ကို

မပျက်မကွက် ကြိုပို့မှု​တွေ​ကြောင့် ပတ်ဝန်းကျင်ရဲ့ မျက်စိ ဆံပင်​မွှေးစူးပြီး ပျံ့နှံ့သတင်းက ​ဒေါ်ဧကရီနားဝထိ​ပေါ့

အစ်ကိုနဲ့ညှိုးဟာလည်း သံ​ယောဇဥ်မှ ​မေတ္တာသို့ ကူး​ပြောင်းခါစ အချိန်​လေးမှာပါပဲ....

ညှိုး မရှိသည့် အချိန်မှာ ​ဒေါ်ဧကရီက ညှိုးတို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် မဖိတ်​ခေါ်ဘဲ​ရောက်လာခဲ့တယ်

"အခုများ​တော့ သားကို ဗန်းပြပြီး လုပ်စားရတာ ​ကောင်းမှန်းသိလို့ ​အေး​ဆေး​နေနိုင်ပြီထင်ပ"

ထိုင်ထိုင်ချင်း​ပြော​သောစကားက ခနဲ့တဲ့တဲ့ သိက္ခာချစကားသာ

"...."

"ကျွန်မက​တော့ မိတ်ဆက်စရာ မလိုဘူး ထင်ပ ​ရှင်တို့ အမိဖမ်း​နေတဲ့ သူ​ဌေး​လေး ထွန်း​​တောက်ရဲ့​မွေးသမိခင် ပါ အဘယ်လို့ဆို ​နောက်ခံအသိုင်းအဝိုင်းကိုလဲ စုံစမ်းပြီး​လောက်​ပေမို့ ကျွန်မ အ​သေးစိတ်ရှည်ရှည်​ဝေး​ဝေး မိတ်မဆက်​တော့ပါဘူး ​ပြောစရာရှိတာပဲ​ပြော​တော့မယ်"

"ရှင့်သားလိုလို သမီးလိုလို ကို ကျွန်မသားနဲ့​ဝေး​ဝေး​နေခိုင်းပါ ကျွန်မသားက အဖိုးတန်အမျိုးမှန်ရှင့် အဖိုးမထိုက်တဲ့ ဘာမှန်းမသိတဲ့ သူ​တွေ​ကြောင့်မျိုးတုန်း မခံနိုင်ဘူး အညွှန့်တလူလူက​လေးကို ​ရေ​နွေးလာမ​လောင်းပါနဲ့"

"ကျွန်မသားနဲ့ ရှင့်သား​ဝေး​ဝေး မ​နေရင် ​နောက်များ ရှင်တို့ ဒီမြို့မှာမျက်နှာ​မဖော် ရုပ်လုံးမထွက်နိုင်အောင် ကျွန်မ လုပ်နိုင်တယ်ဆိုတာ​တော့ ရှင်တို့သိမှာပါ ဒီ​လောက်ယူရ ​တော်​ရော​ပေါ့ ရှင်တို့အ​နေအထားနဲ့ဆို...."

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora