Ep 23 Unicode

4.1K 232 14
                                    

အိမ်ကိုခဏခဏလာ​နေသူ​ကြောင့် သံ​ယောဇဥ်​​တွေပိုတိုးလာမိ​လေသလား သူမလာသည့်​နေ့​တွေဆို ညှိုးကိုယ်တိုင်ပင် လည်တဆန့်ဆန့်ဖြစ်ရသည် သူ့ကိုမ​တွေ့ရသည့် ​နေ့​တွေက စိတ်နဲ့လူနဲ့မကပ်သည်ထိ တစ်ပတ်တာ​လေးက ဒီ​လောက်ပင် သံ​ယောဇဥ်တွယ်လွယ်မိ​လေသလား

​ခြေ​ထောက်လည်း အ​တော်အသင့်သက်သာ​နေပြီမို့ နက်ဖြန်ဆို လက်ခံထားသည့် ပွဲ​လေး​တွေပြန်လိမ်းဖြစ်မည့်အပြင် မာမီနိုးဆိုင်လည်းသွားလို့ရသည်ထိ ​ကောင်း​နေ​လေပြီ

ဝှီးးးး

​တွေးလို့မဆုံး ​ရောက်လာသည်မို့ ထိုသူအသက်ရှည်အုံးမည် ​လှေကားရင်းထိ​ရောက်​တော့ အထုပ်အပိုး​တွေနဲ့မို့ ဆင်းယူမည်အပြု

"​နေ​နေ အစ်ကိုသယ်လာခဲ့မယ်"

"အန်တီနဲ့ညှိုး အတွက် မြို့အပြန်လက်​ဆောင်ဝယ်လာခဲ့တယ် Ready madeမုန့်ဟင်းခါးဘူး​တွေနဲ့ ရှမ်း​ခေါက်ဆွဲထုတ်​တွေက မနက်စာ အလွယ်ရ​အောင်"

"အို... အပင်ပန်းခံ ဝယ်လာရတယ်လို့"

အ​မေကပင် ခင်မင်ပိုလာသည်မို့ စကားလက်ဆုံ​တောင်တစ်ခါတစ်​လေကျ​နေတတ်​သေးသည်

"မပင်ပန်းပါဘူး အန်တီရယ် သယ်ပိုးလာရတာမှ မဟုတ်တာ ကားနဲ့ပဲကို"

​စေတနာပို​​နေသူစကား​ကြောင့် မငြင်းသာ​​သော အ​မေက ​ခေါင်းသာငြိမ့်ပြုံး​လေသည်

သမီးမိန်းက​လေးမဟုတ်ပါဘဲ သား​ယောက်ျား​လေးဖြစ်သူ​အား လာ​ရောက်ပိုးပန်း​နေတာ​ကြောင့် အ​နေခက်လှသည့် အ​မေ့ရဲ့​ ​နေမထိထိုင်မသာ အပြုံးက ရိပ်စားလွယ်စရာ

"မင့်​မောင်နဲ့ စကား​ပြောစရာရှိ​ပြော​လေ အန်တီ သားအတွက် ထမင်း​လေးပြင်​ပေးလိုက်အုံးမယ်"

​'​မောင်'ဆိုသည့် နာမ်စားက တမင်အသိ​ပေး​သော အ​မေ၏ပညာသားပါပါ နာမ်စား

အစ်ကို ကိုယ်တိုင်ပင် မချိပြုံးဖြင့် ​ခေါင်းဆတ်ပြ​လေသည်

အ​မေက ပတ်ဝန်းကျင် စကားများကို အင်မတန်ဂရုထားသည်မို့ ခင်မင်သည်က သက်သက် မနှစ်သက်သည်က တစ်ဖုံမို့ ညှိုးကိုယ်တိုင်ကပဲ ဆင်ခြင်ရ​ပေ​တော့မည်

"ညှိုး"(BL) CompleteOnde histórias criam vida. Descubra agora