Ep 15 Uni+Zawgyi

4.2K 342 21
                                    

Unicode

(Warning‼️စကားလုံးအကြမ်းအတမ်းများကို က​လေးများ အတုမယူရန်နှင့် LGBTအားထိခိုက်လိုစိတ်တစိုးတစိမှမရှိပါဘဲ မလွှဲသာ၍ ထည့်​ရေးရခြင်းဖြစ်​ကြောင်း၊မိန်းမဖြစ်၍ဗီလိန်ဇာတ်တမင် ဖန်တီးထားခြင်းမဟုတ်ဘဲ ဇာတ်သွားအတိုင်း​မြောပါရခြင်းဖြစ်သည့်အ​ကြောင်းများကို ​ဦးစွာမေတ္တာရပ်ခံ ​​ပြောကြားရခြင်းဖြစ်ပါတယ်ရှင့်)

"မမသွယ် ညီမနဲ့ အ​အေး​လေးလိုက်​သောက်လှည့်ပါ"

​​​တောင်းဆိုခြင်း မမည်သည့် လုပ်ကိုလုပ်ရမယ်ဆိုသည့် ဟန်ပါသည့် စကားအသွားအလာ

ညှိုးလဲအလုပ်ချိန်မို့ ဘာမှမ​ပြောသာသည်မို့ န​ဘေးနားက မမမိုးကို ​စောင်းငဲ့ ကြည့်လိုက်​သောအခါ မမမိုးက ​ခေါင်းဆတ်ပြ​လေသည်

"တို့အိတ်ယူပြီးလိုက်ခဲ့ပါ့မယ် ​ရှေ့ကအရင်သွားနှင့်ပါ"

မလိုပါဘဲ သရုပ်မပျက်​စေလို ကိုယ်ဟာလဲ မရှုပ်ပါဘဲ အရှုပ်​တွေထဲဆွဲထည့်ချင်သည့်အခါ တန်ဖိုးရှိရှိ ​ဖြေရှင်းရမည်သာ

ဆိုင်ထဲ​ရောက်​တော့ သီးသန့်ခန်းဆန်ဆန်ကိုသာ ဦးတည်သွား​နေ​သော သူမ​နောက်သာ တိတ်တဆိတ်လှမ်းလိုက်ခဲ့ရသည်

"​Epresso တစ်ခွက်"

"passion juice"

အသီးသီး အ​အေးမှာပြီး​သော်

မုန့်​တော့မှာမ​နေ​တော့ အစားစားချိန်မှန်သော်လည်း ဒီအ​ခြေအ​နေမှာထိုင်စားဖို့ကမသင့် ဘယ်၍ဘယ်မျှ​ကြောင့် ​ခေါ်လာသည်ဆိုတာကို မပြောပါဘဲ သိနှင့်​နေသည့်အ​ခြေအ​နေ

"အဟင်း!!"

ထိုင်ထိုင်ချင်း အ​ကြောင်းအရာမရှိပါဘဲ ဟက်ခနဲရယ်လိုက်သည့်သူမ

"​ပြောစရာရှိတာ ​ပြောပါ​လေ"

"​ပြောဖို့ပါဘဲ မယုံနိုင်လို့ အမလို ခင်မိတဲ့သူက သူ့ပုံစံအမှန်ထုတ်ပြ​တော့အံ့သြ​နေမိတာပါ"

"အလို ဒီလို​လေးက ဒီ​လောက်ထိ ဖြစ်စရာလိုသလား"

"ဒီလို​လေး ဟုတ်တာ​ပေါ့ လုလို့ရသူအတွက်​တော့ ဒီလို​လေးဆို​ပေမယ့် အလုခံရသူအတွက်​တော့ တနင့်တပိုးပါဘဲ ညှိုးလျသွယ်"

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora