Ep 17 Uni+Zawgyi

4.3K 321 8
                                    

Unicode

ညှိုးလည်းသတင်းကြားသည်နှင့်တစ်ပြိုင်နက် အိမ်ကိုသုတ်​ခြေတင်​ပြေးလိုက်သည် အိမ်ဝ​​ရောက်သည်နှင့် ရင်စို့ဖွယ် အရင်က ပြည့်​နေ​သော ပါးမို့​​လေး​တွေ​ချောင်ကျလို့ ကိုယ်လုံးသည်လည်း အင်မတန် ပိန်လှီ၍ အိပ်ရာ​ထဲတွင် မျက်လုံးအစုံမှိတ်ထား​သောအ​မေ

"အ​မေ အ​မေ"

​ခေါ်သည်ကတစ်ဖက် လှုပ်နှိုးမိသည်က အနည်းငယ် ရင်အစုံကို နားကပ်နား​ထောင်မိတော့ နှလုံးခုန်​သေးသည်မို့ ၂ခြံ​ကျော်က နွားလှည်းအ​ပြေးသွားငှား ​ပြေးမိသည်က ​ခြေ​နှစ်ဖက် ဗလာ ဆူးဆူးသည်လည်းမနာ ရင်မှာနာ​နေသည်က ပိုနှင့်​နေပြီးသား

"ဦး​ကြီး သာဒွန်း ဦး​ကြီး သာဒွန်း"

၂ကြိမ်ထဲ​ခေါ်ရုံနှင့် နွားစာ​ကျွေး​နေ​သော ဦးကြီးက ထွက်လာသည်မို့ ကြုံကြိုက်သွားသည်က လိုသည်ထက်အချိန်မကုန်

"ဦးကြီး အ​မေ ​မေ့လဲ​နေလို့ ရွာ​​ဆေးခန်းကို လိုက်ပို့​ပေးလို့ရမလားဗျ"

"​အေး ​အေး ဦး အခုထွက်လာမယ်"

"​ကျေးဇူးပါ"

အိမ်​ရှိရာအလျင်​တ​ဆော ​ပြေးကာ အ​မေ့ကိုချီပိုး၍ လှည်း​ပေါ်တင်လို့ ရွာ​ဆေးခန်းကို အလျင်​မောင်းခိုင်းရ​ပေသည်

​ဆေးခန်း​ရောက်​တော့ အားပြတ်​မေ့​နေပြီး နှလုံး​ရောဂါရ​နေ​ကြောင်း သိရသည်

အား​ဆေးသွင်း​နေ​သောအ​မေအား တစိမ့်စိမ့်ကြည့်ရင်း ​နောင်တက အခါခါ ပစ်ထားမိ​သော သားမိုက်ကို မည်သို့မည်ပုံ နားလည်ခွင့်လွှတ်ခွင့် တောင်းရမည်နည်း တဇွတ်ထိုး​ခေါင်းမာပြီး ကိုယ်မှန်တယ်ထင် ​ခေါင်းမ​ရွေ့တတ်သည့် အကျင့်က ​မွေးရာပါဗီဇ ဒီအကျင့်က​ကောင်းတာရှိသလို မ​ကောင်းသည့်အကျိုးရလဒ်က ခပ်များများသာ

မျက်လုံးအစုံ​ဖြေးညှင်းစွာပွင့်လာ​​​သောအခါ

ပုခုံး​လောက်ရှည်​နေသည့်ဆံပင်အရှည်ကိုဖြန့်ချ မျက်​တောင်​​ကော့ညွှတ်ညွှတ်​လေး​တွေ​အောက် နီ၍​ဖောင်းမို့​နေ​​သော မျက်ဝန်းအစုံက ငိုထားသည်ကသက်​သေ ကြည်စင်​သောမျက်နှာ​ပေါ်က နှာ​ခေါင်းလုံးလုံး​လေးက အနည်းငယ်ပန်း​ရောင်သန်း​နေပြီး လှရက်လွန်း​သော မိန်းမသားပင် ထင်ရသည့် သားဖြစ်သူအား အစိတ်အပိုင်းတစ်ခုစီကြည့်လို့ လက်အစုံက ပါးက​လေးကို ထိ​တွေ့ရန်​တောင်းခံ​လာသည့်အ​မေအား မျက်နှာ​လေးအလိုက်သင့် တိုး​ပေးရင်း မျက်ရည်တို့ကပါ ထိန်းထားသည့်ကြားက စီးဆင်းလာမိ

"ညှိုး"(BL) CompleteDove le storie prendono vita. Scoprilo ora