"ကိုယ်ဆိုတဲ့ အသုံးအနှုန်းကနေ ကိုယ့်ကိုယ်ကို မောင်လို့ပဲ နာမ်စားသုံးတော့မှာမို့ ညှိုးကလဲ တစ်ချိန်ကျ မောင့်ကို မောင်လို့ခေါ်ပေးစေချင်တယ် မောင်လေ ညှိုးကို တကယ်မြတ်နိုးရပါတယ်"
"အိုကွယ် တို့အတွက် အချိန်ကုန်မခံပါနဲ့လား တို့ရဲ့ဘဝထဲ တို့တစ်ယောက်ထဲနေသားကျနေပါပြီ"
"အခုချက်ချင်း ညှိုးကိုအဖြေတောင်းနေတာ မဟုတ်တာမို့ မောင့်ကို အလောတကြီး မငြင်းဆိုလိုက်ပါနဲ့ မောင်ကစိတ်ရှည်ပါတယ်ညှိုးရဲ့"
တကယ်ကို မင်းက စိတ်ရှည်မှန်း ညှိုးသိရပါတယ် ညှိုးရဲ့ အငြင်းစကားကိုပင် မျက်နှာတစ်ချက်မပျက် ပြုံးပြီးတုန့်ပြန့်လိုက်ပုံများ ညှိုးဘဝမှာ ဒီလိုသဘောကောင်းသူ မကြုံဖူးပေါင်
ညှိုးရဲ့မျက်နှာက တည်တင်းနေတာလဲ မဟုတ် လျော့ယဲအားငယ်နေတာလဲ မဟုတ်ပါပဲ ညှိုးက သိပ်ကို သိုဝှက်စွာနေနိုင်သူမို့ ညှိုးရဲ့ ဘဝထဲကို မောင်လျှောက်လှမ်းဝင်ချင်အောင် ဆွဲဆောင်နိုင်တဲ့ညှိုး
× × ×ကျွန်တော်ဒီကြားထဲ"ညှိုး"ထံ ပန်းစည်းတွေအကြိမ်ကြိမ်အခါခါပို့ခဲ့သည်
ထိုသို့အကြောင်းများကြောင့်"ညှိုး"ဆီက ထွက်လာသည့်စကားက "ပန်းကလေးတွေကို မလိုအပ်တဲ့တို့ကိုမပေးပါနဲ့လား"တဲ့ ပစ်ပစ်ခါခါ မငြင်းပါဘဲ ငြင်ငြင်သာသာပယ်ချလိုက်သည့် အပြောအဆိုလေးက ဒီလူ့အတွက်ပိုစွဲလမ်းဖွယ်ရာ
ဒီနေ့တော့ "ညှိုး"အလုပ်ချိန်ပြီးမှသာ ကျွန်တော်"ညှိုး"ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ဦးတည်ခဲ့သည်
"မောငိ ညှိုးကို ချစ်တယ်"
"တို့ကို မင်းမချစ်ချင်ပါနဲ့""ဘာအတွက်ကြောင့်လဲ ညှိုးရယ် မောင်ညှိုးကိုပဲပြတ်ပြတ်သားသားရွေးချယ်ခဲ့တာပါ"
"တို့များလို လူတန်းစားတွေက လူလူချင်း တူပါလျက် လူ့ဘောင််မှာ အပယ်ခံသာသာပါဘဲ လှောင်ပြောင်ရယ်မောချင်ကြတယ် တို့လိုလူက အန္တရာယ်များလှပါတယ် တို့နားမှာနေတဲ့သူလဲအန္တရာယ်များစေတာမို့ တို့ကလေ ပိုတောင်ဝေးဝေးနေစေလိုတာပါ"
![](https://img.wattpad.com/cover/295388438-288-k566282.jpg)
आप पढ़ रहे हैं
"ညှိုး"(BL) Complete
लघु कहानी"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...