Ep5 Zawgyi

2.4K 110 2
                                    

"ကိုယ်ဆိုတဲ့ အသုံးအနှုန်းက​နေ ကိုယ့်ကိုယ်ကို ​မောင်လို့ပဲ နာမ်စားသုံး​တော့မှာမို့ ညှိုးကလဲ တစ်ချိန်ကျ ​မောင့်ကို ​မောင်လို့​ခေါ်​ပေး​စေချင်တယ် ​မောင်​​လေ ညှိုးကို တကယ်မြတ်နိုးရပါတယ်"

"အိုကွယ် တို့အတွက် အချိန်ကုန်မခံပါနဲ့လား တို့ရဲ့ဘဝထဲ တို့တစ်​ယောက်ထဲ​နေသားကျ​နေပါပြီ"

"အခုချက်ချင်း ညှိုးကိုအ​ဖြေ​တောင်း​နေတာ မဟုတ်တာမို့ ​မောင့်ကို အ​လောတကြီး မငြင်းဆိုလိုက်ပါနဲ့ ​မောင်ကစိတ်ရှည်ပါတယ်ညှိုးရဲ့"

တကယ်ကို မင်းက စိတ်ရှည်မှန်း ညှိုးသိရပါတယ် ညှိုးရဲ့ အငြင်းစကားကိုပင် မျက်နှာတစ်ချက်မပျက် ပြုံးပြီးတုန့်ပြန့်လိုက်ပုံများ ညှိုးဘဝမှာ ဒီလိုသ​ဘော​ကောင်းသူ မကြုံဖူး​ပေါင်

ညှိုးရဲ့မျက်နှာက တည်တင်း​နေတာ​လဲ မဟုတ် ​လျော့ယဲအားငယ်​နေတာလဲ မဟုတ်ပါပဲ ညှိုးက သိပ်ကို သိုဝှက်စွာ​နေနိုင်သူမို့ ညှိုးရဲ့ ဘဝထဲကို ​​မောင်​လျှောက်လှမ်းဝင်ချင်​အောင် ဆွဲ​ဆောင်နိုင်တဲ့ညှိုး
               ×         ×         ×

ကျွန်​တော်ဒီကြားထဲ"ညှိုး"ထံ ပန်းစည်း​တွေအကြိမ်ကြိမ်အခါခါပို့ခဲ့သည်

ထိုသို့အ​ကြောင်းများ​ကြောင့်"ညှိုး"ဆီက ထွက်လာသည့်စကားက "ပန်းက​လေး​​တွေကို မလိုအပ်တဲ့တို့ကိုမ​ပေးပါနဲ့လား"တဲ့ ပစ်ပစ်ခါခါ မငြင်းပါဘဲ ငြင်ငြင်သာသာပယ်ချလိုက်သည့် အ​ပြောအဆို​လေးက ဒီလူ့အတွက်ပိုစွဲလမ်းဖွယ်ရာ

ဒီ​နေ့​တော့ "ညှိုး"အလုပ်ချိန်ပြီးမှသာ ကျွန်​တော်"ညှိုး"ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ဦးတည်ခဲ့သည်

"​မောငိ ညှိုးကို ချစ်တယ်"
"တို့ကို မင်းမချစ်ချင်ပါနဲ့"

"ဘာအတွက်​ကြောင့်လဲ ညှိုးရယ် ​မောင်ညှိုးကိုပဲ​ပြတ်ပြတ်သားသား​ရွေးချယ်ခဲ့တာပါ"

"တို့များလို လူတန်းစား​တွေက လူလူချင်း တူပါလျက် လူ့​ဘောင်မှာ အပယ်ခံသာသာပါဘဲ ​​လှောင်​ပြောင်ရယ်​မောချင်ကြတယ် တို့လိုလူက အန္တရာယ်များလှပါတယ် တို့နားမှာ​နေတဲ့သူလဲအန္တရာယ်များ​စေတာမို့ တို့က​လေ ပို​တောင်​ဝေး​ဝေး​နေ​စေလိုတာပါ"

"ညှိုး"(BL) CompleteDonde viven las historias. Descúbrelo ahora