Ep 21 Uni+Zawgyi

3.9K 268 14
                                    

Unicode

ခန်းမ​ရှေ့လှမ်းလာသူ သားဖြစ်သူထံ ​ဒေါ်ဧကရီအ​ပြေးသွားလို့

"သား သူ​လေးက..."

စကားကို အချိုသာဆုံးထား၍ ​ချော့​မော့​မေးမိသည် သားဖြစ်သူ ထိုသို့ပွဲထုတ်သည်က ပထမဆုံးမလား

"ညီမ​လေးရတီကို မာမီနိုးအစား လာပြင်​ပေးတဲ့ လျညှိုးသွယ်တဲ့"

"မိန်းက​လေးလား ​မိန်းမလျာလား"

ညှိုးကို ​ခြေဆုံး​ခေါင်းဆုံး ကြည့်၍​မေးလိုက်သည်က ဤစကား ဒါက မဆန်းကြယ်​တော့ နားရည်ဝ​နေသည့် လူတိုင်းစိတ်ဝင်စားသည့် အ​မေး

"အ​မေကလဲဗျာ ဘယ်လို​တွေ​မေး​နေတာလဲ"

သားက ဝင်ဟန့်သည်မို့ ​ဒေါ်ဧကရီ စိတ်​စော​မေးမိသည်က အပြစ်ပါပဲ သားဆိုသည့်စိတ်နဲ့ သူများသားသမီးကိုပင် စကားအရာဖြင့် ထိခိုက်မိသွားပါ​ရော့လား

"ဟုတ် ​ယောက်ျား​လေးပါ"

ကိုယ့်​ရှေ့ စကားများ​တော့မည့်ဆဲဆဲ သူမ၏သားဖြစ်သူပုံစံ​ကြောင့် အလျင်အမြန်အ​ဖြေ​ပေးလိုက်သည်

"ကျွန်​တော်​တောင်းပန်ပါတယ်ဗျ"

"ရပါတယ် ညှိုး​ဖြေ​နေကျပါ"

အ​ဖြေကိုရိုးရိုးရှင်းရှင်းသာ​ပေး၍ ခန်းမတွင်းကို ​လျှောက်လှမ်းသွားသည့် သူက​လေး​ကျောပြင်​တွေကို ကျွန်​တော်မမှိတ်မသုန်​​ငေး​မောမိသည်

"မင်းကတကယ်ပဲ စိတ်မာတာလား""စိတ်မာချင်​ယောင်​ဆောင်​နေတာလား က​လေးရယ်" စိတ်ထဲကတီးတိုးရည်ရွတ်မှု​တွေက တစ်ချိန်ကျ​ပြောဖြစ်နိုင်မည့် စကား​တွေလဲဖြစ်နိုင်တယ်​နော်

"သားတို့လဲ ဝင်​ရ​အောင်​မေ​မေ"

ချက်ချင်းစိတ်ကို စုပြီး အ​မေ့ကို​ခေါ်ရသည် မဟုတ်လျှင် မသင်္ကာပါက အ​မေက ထိုသူက​လေးကို ဘာ​တွေများထပ်​ပြောနိုင်မည်နည်း ခု​တောင်သူက မဟုတ်မဟတ်​မေးပြီး အားနာစိတ်မရှိသည့်အပြင် သူမှားသည်ဟုပင် ထင်ဖို့ဆို​ဝေလာ​ဝေးစွ

မင်္ဂလာအခမ်းအနား ပြီးခံနည်းမို့ အ​မေလစ်တုန်း သူက​လေး ထိုင်သည့်​နေရာ​လေးကို မသိမသာ​ဝေ့ဝဲကြည့်​တော့ မရှိ​တော့ "ပြန်သွားပြီလား""​အေး​လေ သူလဲသိပ်မသိ​တော့ပျင်း​နေမှာပဲ"စိတ်ထဲမှာ​မေး၍ စိတ်ထဲမှာပင် ​ဖြေခဲ့ရသည်
×××××××××××××××××××××××××××
ထို​နေ့ကတည်းက အ​တွေး​တွေက သူက​လေးဆီသာ သူက​လေးစိတ်မ​ကောင်းဖြစ်သွားမလား ​တွေး​တော​နေမိသည်ကအခါခါ ပြီးလျှင်လည်း သူ​လေးရဲ့မျက်​တောင်​ကော့ညွှတ်ညွှတ်​လေး​တွေကအစ နှာ​ခေါင်း​​လေးပေါ်ကမဲ့နက်က​လေးကအဆုံး အ​သေးစိတ်က လွမ်းမိစရာအတိ

"ညှိုး"(BL) CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ