Unicode
အစ်ကိုနဲ့ညှိုးက လွဲနေကြပေမယ့်
ရေစက်တွေကဆုံနေဆဲ
မပေါင်းဖက်ကြမယ့် လူနှစ်ယောက်အတွက်
ဒီရေစက်ကလဲ နှမြောစရာပါပဲအစ်ကို
.... ....... ........ ....... ...... ..... ....... ....... .....
"ကြွယ်ဝထက်သာ""ဗျာ မေမေ"
အပြင်ထွက်ဖို့ လှမ်းနေသော ခြေလှမ်းများသည် အမေ့အခေါ်ကြောင့်ရပ်တန့်သွားရ
"သား လာထိုင်ပါအုံး အမေနဲ့စကားပြောရအောင် သားအတွက် အခုသွားရမှာက အရေးသိပ်မကြီးရင်ပေါ့"
အမေ့စကားက ခဏပဲပြောမည်ထင်၍ သူအမေရှိရာ ဧည့်ခန်းဆီ ခြေဦးတည်လိုက်သည်
"သားအကြောင်းအမေ မသိတာ မရှိဘူးဆိုတာ သားသိမှာပါ"
"....."
"အမေ့သားက အမြဲလိမ္မာ ခဲ့ပြီး အမေ့စကားအမြဲ နားထောင်ခဲ့တာမလား အမေအဲ့လိုမျိုးလေး မြင်ချင်တယ်ကွယ်"
"အဟင်း အမေပြောချင်တာက လိုရင်းပြောလိုက်ရင် ပိုကောင်းမှာပဲမေမေ"
"သား အခု ယောက်ျားလေး တစ်ယောက် မှားလို့ မိန်းကလေးလိုဝတ်စားတဲ့ယောက်ျားလေး တစ်ယောက်နဲ့တွဲသွား တွဲလာရှိနေတယ်လို့ အမေကြားတယ်"
"အမေက ကြားရုံပဲရော ဟုတ်ရဲ့လား မေမေ"
"သား သိမှာပါ အမေက သေချာမြင်မှ ယုံတတ်တာမလား"
"ဒါဆို အမေစစ်မေးစရာ မလိုလောက်တော့ပါဘူးလေ"
"အမေက စစ်မေးတယ်ဆိုတာထက် ဟန့်တားချင်နေတာမျိုးလို့ သားမတွေးမိဘူးလား"
"အမေက တားမယ်ဆိုတာ သားကြိုတင်တွက်ဆပြီးသားပါ"
"ဒါနဲ့များ သားရယ် ဘာကြောင့်များတွဲ အော် အသစ်အဆန်း အပျော်အနေနဲ့ဆိုရင်တော့ အမေမတားတော့ပါဘူး"
"ဟား ဟား အမေက သိပ်အတ္တကြီးတာပဲ ကိုယ့်သားကျအဖိုးတန်ပြပြီး သူများသားသမီးကျ စျေးလျော့ပေါ့တွေးလိုက်ပုံများ သားကသိပြီးသားဆိုတာ ဘယ်လိုအရာတွေဟာ နှောင့်ယှက်ပါစေ သားက သူ့ကိုအဆုံးထိ ရွေးချယ်မှာ"
ŞİMDİ OKUDUĞUN
"ညှိုး"(BL) Complete
Kısa Hikaye"အခြောက်တစ်ယောက်ကို နင်ကြိုက်နေတာ မရှက်ဘူးလား ကြွယ်ဝထက်သာ" မြစိမ်းမိုး "ညှိုး"ကခပ်ယဲ့ယဲ့လေး အမြဲပြုံးတတ်ပြီး သူ့ရဲ့အားနည်းမှုတွေကို မာန်မာနလေးတွေနဲ့ကာဆီးထားတတ်သူပင် "ညှိုး"ကယုံကြည််မှုရှိဟန် ဆောင်နေသည့် အခ...