[ ခါသကြ်န်စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]
ကြည်စင်သော မနက်ခင်းတွင် သကြ်န်မိုးပြေးတစ်ချို့ရွာသွန်းသွားပြီးနောက် ကောင်းကင်သည် ပြန်လည်ကြည်လင်လာခဲ့သည် ။
တန်ခူးခါသမယတွင် နားဝင်ချိုသော တူးပို့တူးပို့သီချင်းသံကို မကြားနိုင်အောင် အိမ်တော်သည် မြို့ပြင်ဘက် တိတ်ဆိတ်သောမြေနေရာ၌ ဆောက်လုပ်ထားသည် ။ကြားရလို ကြားရငြား နားစွင့်မိသော်လည်း ခပ်တိုးတိုးသီချင်းသံပင် မကြားရချေ ။
မနေထိုင်နိုင်စွာ ဒိုင်ကွက်နာရီအား ခဏခဏမော့ကြည့်မိသည်မှာ အိမ်စောင့်နတ်ပင် မျက်စောင်းထိုးလိမ့်မည်ထင် ။
မနက်၇ နာရီအိပ်ရာထပြီး မနက်စာစောစောစားကာ ဧည့်ခန်းရှိ ဒိုင်ကွက်နာရီနှင့် မျက်နှာချင်းဆိုင်တွင် ခုံရွှေ့ထိုင်နေသော အနွယ်တော်သည် လက်ထဲတွင်လည်း လှန်လောခြင်းမခံရသော သတင်းစာတစ်စောင်ကို ကိုင်ထားသည် ။
ဇာတ်လမ်းတစ်ခု၏အနှေးပြကွက်များလို တရွေ့ရွေ့ဖြစ်နေသည့် ဒိုင်ကွက်နာရီအား မနေနိုင်မထိုင်စွာ အနားသွား၍ လက်ဖြင့်ရိုက်ကြည့်လိုက်သည် ။
ဓာတ်ခဲများအားနည်းနေသလား ဟူသောအတွေးကဝင်လာပြန်တော့ နာရီနောက်ကျောသို့ နှစ်ချက်ခန့်ဆင့်ရိုက်လိုက်သည်မှာ ခပ်ပြင်းပြင်း ။" အမလေး ငါ့ပစ္စည်းတွေနင်နဲ့ကျမှစုတ်ပါတော့မယ် အနွယ်တော်ရေ "
" ဟီးး....... "
ခါးထောက်ကာ အနောက်မှ ငြီးငြူလိုက်သော သခင်မကြီးကြောင့် အနွယ်တော် နာရီနားမှပြန်ခွာလိုက်ရင်း သွားများပေါ်အောင် ပြုံးပြလိုက်သည် ။
" မျက်စိတွေနောက်တယ်နော် အနွယ်တော် ဘယ်ချစ်သူနဲ့ချိန်းထားလို့ အဲ့သလောက်ရုပ်ပျက်နေသလဲ "
" ဘယ်ကချစ်သူမှမဟုတ်ပါဘူး ဖွားဖွားရာ တော်ပြီဗျာ ခြံထဲပဲသွားတော့မယ် "
ဖတ်လက်စ သတင်းစာစောင်ကို ကိုင်ရင်း အနွယ်တော် ခြံထဲမြောက်ဘက်ပန်းခြံထဲသို့ ပြေးထွက်လာခဲ့သည် ။
မဟုတ်လျှင် သခင်မကြီးသည် အနွယ်တော့်အား ထိုထက်ပို၍ နားရှက်စရာကောင်းအောင် စတော့မည်ဖြစ်သည် ။
YOU ARE READING
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...