သည်းသောမိုးကြားပို့သောစာ

717 53 1
                                    

[  သည်းသောမိုးကြားပို့သောစာ]

မိုးရိပ်ပြေးနေသော ကောင်းကင်ယံကြောင့် ခြံရှေ့မှ အဝတ်များကို ပြာပြာသလဲပြေးရုတ်သိမ်းကြသော အလုပ်သမားများနှင့် ပြတင်းပေါက်ဆီတွင် စာရင်းစစ်နေသော အနွယ်တော့်ဆီသို့အပြေးလေးရောက်လာသော ခြံစောင့် ။
ဆေးရုံမှပြန်ရောက်ရောက်ချင်း မနားရပါဘဲ စာရင်းတွေထိုင်စစ်နေခဲ့သည်မှာ ညနေ သုံးနာရီအထိမို့ လူလည်း အနည်းငယ်ညောင်းချိနေသည် ။

ထီးအနက်ရောင်တစ်ချောင်းကိုကိုင်ကာ အပြေးလေးရောက်လာသော ခြံစောင့်ကောင်လေးကို အနွယ်တော် ခပ်တည်တည်သာစိုက်ကြည့်နေလိုက်သည် ။
အမောရောက်လာသောကောင်းလေးက ခါးကိုကုန်း ဒူးကိုလက်ထောက်ရင်း ခေါင်းငုံ့ကာ အမောပြေ လေကိုတစ်ဝရှူနေလိုက်သည် ။

" ဘာဖြစ်လာတာလဲ ဥသြ "

အနွယ်တော်၏အမေးကြောင့် ကောင်လေးက ခေါင်းပြန်မော့လာပြီး တရိုတသေလက်နှစ်ဖက်ကိုအုပ်ကိုင်လို့ ယဥ်ယဥ်ကျေးကျေးပြန်ဖြေသည် ။

" ဆရာအားရင် ဓိပထိလေးကို ကျောင်းသွားကြိုပေးစေချင်ပါတယ် မိုးကလည်းရွာတော့မယ်ထင်တယ် အားရင်ကြိုပေးပါဆရာ "

ဓိပထိလေးသည် လေးနှစ်ပြည့်ပြီမို့ မူကြိုကျောင်းထားခြင်းဖြစ်ပြီး ဥသြကသာ နေ့စဥ်တိုင်း လိုက်ပို့လိုက်ကြိုလုပ်ပေးရခြင်းဖြစ်သည် ။
အနွယ်တော်လည်း ကြိုချင်သော်ငြား သူကိုယ်တိုင်ပင် မလှုပ်ချင်လောက်အောင်ပင်ပန်းနေသည်မို့ ဥသြကိုသာထပ်မေးလိုက်သည် ။

" မင်းကရော မအားဘူးလား "

ထိုအခါ ကောင်ကလေးက အသာခေါင်းရမ်းပြလာသည် ။

" ကျွန်တော်က စျေးသွားတဲ့ ဓိပထိအမေကို သွားကြိုရအုန်းမယ်ဆရာ စျေးအထွက်မှာ ကားပျက်နေလို့တဲ့ "

မတတ်သာတော့သည့် အခြေအနေရယ်မို့ အနွယ်တော် ဥသြ၏လက်ထဲမှ ထီးကိုဆွဲယူကာသားတော်မောင်ရှိသော ကျောင်းသို့သာ ခပ်သုတ်သုတ်ထွက်လာခဲ့သည် ။
ပြင်ညီသော လမ်းမထက် ခပ်ကြွကြွလှမ်းသော ခြေလှမ်းများမှာ တက်ကြွမနေသော်ငြား မှုန်မှိုင်းလည်းမနေချေ ။

မောင့်သဒ္ဒါ(complete)Where stories live. Discover now