[အတိတ်၏ပုံရိပ်များ]
စိမ်းမြမြရိုးတန်းရှည်လေးများပေါ်မှာထပ်ဆင့်၍ ပင့်ချပ်အဖြူလေးများဖြင့် ကော့ကွေးကာပွင့်နေသော မေမြို့ပန်းတန်းကြီး၏အလွန်တွင်ဖြစ်သည် ။
ဖျာကျသောနေရောင်အောက်တွင် ဖူးပွင့်နေသော မေမြို့ပန်းခင်း၏အလွန် တဲအိမ်လေး၏ဘေးရှိ ကွပ်ပျစ်ကျင်းလေးပေါ်တွင် သဒ္ဒါရှိနေခဲ့သည် ။
ချွန်ထက်သေးသွယ်သော ဓားချွန်လေးတစ်ခုအား လက်ထဲတွင် စိတ်ကြိုက်ဆော့ကစားနေသော သဒ္ဒါက အနက်ရောင် ကုတ်အရှည်ကြီးကိုဝတ်ထားသည် ။နက်မှောင်သော မျက်ခုံးမွှေးတန်းများအောက်မှ မျက်ဝန်းနက်များသည်ကတော့ ကြည်လင်နေသော ဓားဖျားလေးထက်တွင်ဖြစ်သည် ။
လေတစ်ချက်ဝှေ့လိုက်တိုင်းယိမ်းသွားသော မေမြို့ပန်းခင်းကိုကြည့်၍ သဒ္ဒါ သီချင်းတစ်ချက်ညည်းလိုက်သည် ။
" .....တောပန်းလေးများနဲ့ လှချင်တိုင်းလှနေပါတယ်...... "
" ဘယ်ပန်းတွေက မင်းလောက်လှလို့လဲ "
အနောက်ပါးဆီမှ ရိသဲ့သဲ့အသံပိုင်ရှင်ကို သဒ္ဒါလှည့်ကြည့်လိုက်လေတော့ မှန်းထားသည့်အတိုင်း အနွယ်တော်ဖြစ်နေသည် ။
အနွယ်တော်က လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်၍ မားမားကြီးရပ်နေသည် ။" ဘယ်တည်းကရောက်နေတာလဲ ကိုယ်တော့ မင်းကိုတစ်နေကုန်လိုက်ရှာလိုက်ရတာ "
ထို့နောက် အနွယ်တော်က ကွပ်ပျစ်သေးလေးပေါ်၌ သဒ္ဒါ့ဘယ်ဘက်တွင် ဝင်ထိုင်သည် ။
သဒ္ဒါကိုင်ထားသည့်ဓားချွန်လေးကိုတစ်ချက်ကြည့်သည် ။သဒ္ဒါ့မျက်နှာဖြူဖွေးဖွေးကို တစ်ချက်ထပ်ကြည့်သည် ။
အနွယ်တော်က သဒ္ဒါ့မျက်နှာကို စာအုပ်တစ်အုပ်လို အလွတ်ရနည်းနည်းဖတ်ရှုနေခဲ့သည် ။
" အဖြေပေးတော့လေ သဒ္ဒါ နေ့နေ့ရက်ရက်ရွှေ့နေတာ သုံးရက်ရှိပြီနော် "
" ကျစ်! ကြွေးတောင်းသလို ခဏခဏပြောမနေနဲ့ "
" ကြွေးမဟုတ်လို့ပြောနေရတာပေါ့ ။ အကြွေးသာဆိုရင် လူကိုအတိုးရောအရင်းရောပေါင်းပြီး ချယူလိုက်ပါတယ် ''
ВЫ ЧИТАЕТЕ
မောင့်သဒ္ဒါ(complete)
Любовные романыတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...