[ စက္ကူပန်းခြောက်များနှင့်ပို့သောစာ]
လမ်းလျှောက်တတ်စကလေးငယ်၏ ကွင်းထိုးဖိနပ် ၊ ရှူးဖိနပ်လေးများသည် အိမ်တော်၏ ဖိနပ်ခုံ၌ အရံပေါင်းမြောက်များစွာ စီတန်းချထားသည် ။
မြေသင်းနံ့ထွက်ရုံရွာသွန်းသော မိုးပြေးလေးများကြောင့် အိမ်တော်ရှေ့ မြေပြင်သည် သိပ်သည်းကျစ်လစ်နေသည် ။
အိမ်တော်အတွင်း အားပေးအားမြှောက်နှင့် တစ်ယောက်တစ်ပေါက်အော်ဟစ်အားပေးနေသံများမှာ ဆူညံပွတ်လောရိုက်နေသည် ။သေးငယ် အားမဲ့သော ခြေတံသေးလေးများဖြင့် မြေပြင်၌ တစ်လှမ်း ၊ နှစ်လှမ်း လမ်းလျှောက်သင်နေသော တစ်နှစ်နှင့် သုံးလရှိပြီးဖြစ်သည့် ကလေးငယ်၏ဘေးတွင် အိမ်တော်မှ အလုပ်သမားများနှင့် အနွယ်တော်အပါအဝင် ဝန်းရံအားပေးနေကြသည် ။
လှမ်းလာသောခြေလှမ်းများ၏ဦးတည်ရာသည် အနွယ်တော်ထံသို့ ဖြစ်လေရာ လက်ခုတ်တီးအားပေးနေကြသော အလုပ်သမားနှစ်ယောက်နှင့် ကလေးအမေသည် ဘေးတွင် ငုတ်တုတ်လေးများထိုင်လျက်ရှိသည် ။
ခပ်စိပ်စိပ်ခြေလှမ်းများဖြင့် နောက်ဆုံးတွင် ကလေးငယ်သည် အနွယ်တော်၏ဆန့်တန့်ပေးထားသော လက်များကြား ပြုံးပြုံးပျော်ပျော်ပင် တိုးဝင်သွားတော့သည် ။" ဓိပထိနွယ်တော်လေးက တော်လိုက်တာ "
ဝိုင်းရံလက်ခုတ်တီးပေးရင်းဖြင့် ဆူဆူညံညံ သိုက်သိုက်ဝန်းဝန်း မိသားစုဘဝလေးကို တည်ထောင်ကြသည် ။
ပြုံးပျော်နေသော ကလေးငယ်လေးအား ထွေ့ပွေ့ထားသည့် အနွယ်တော်နှင့် အနွယ်တော်နှင့်ကလေးအားကြည့်ကာ ပီတိဖျာနေကြသော လူများသည် ခိုမင်စရာကောင်းသော မိသားစုဘဝလေးအား ပိုင်ဆိုင်ကြသည် ။တည်ကြည်ဖြင့်ဖြောင့်မတ်သော အနွယ်တော်သည် ပုံမှန်ချိန်များ၌ ပြုံးရယ်နည်းသော်ငြား ဓိပထိနွယ်တော်လေးနှင့်ဆိုလျှင်ဖြင့် ပါးချိုင့်လေးများပေါ်သည်ထိ ငေးမိချင်စရာကောင်းအောင် လှလှပပပြုံးနေတော့သည် ။
လက်တုတ်တုတ်လေးများဖြင့် အနွယ်တော်၏လည်တိုင်၌ ဖက်တွယ်ထားသော ကလေးငယ်အား အနွယ်တော်သည် ချီလျက်အတိုင်းပင် ကလေးငယ်၏ပါးမို့မို့များသို့ လိုက်လံနမ်းရှိုက်နေသည် ။
CZYTASZ
မောင့်သဒ္ဒါ(complete)
Romansတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...