ရိုခိုနှစ်ပတ်လည်တွင်ပို့သောစာ

245 8 0
                                    

[ရိုခိုနှစ်ပတ်လည်တွင်ပို့သောစာ]

ခြောက်သွေ့သွေ့နွေလမ်းမထက်၌ ကားတို့သည် အတန်းလိုက်အစီလိုက်ဖြင့် ယျာဉ်ကျောပိတ်စို့မှုကြောင့် ခရီးကြန့်ကြာနေကြသည် ။
ထိုထဲတွင် အနွယ်တော်၏ကားလေးတစ်စီးလည်းပါသည်။

ပုံမှန်ဆိုလျှင် တစ်လမ်းကြော်မှ ဆေးရုံကို ခြေသျှင်သာသွားမည်ဖြစိသော်လည်း လမ်းထိပ်တွင် လမ်းပြင်နေသောကြောင့် လမ်းလွှဲမှသွားရသည်မှာ အချိန်အတော်ယူရသည် ။
ပူကျစ်နေသော နေမင်းသည် မနက်ခင်း၉နာရီအချိန်တွင်ပင် နေခြောက်လှန်းခံနေရသလိုမို့ ကားထဲမှ လူများ၏ အော်ဟစ်နေသံက အတိုင်းသားကြားနေရသည် ။

သို့သော် တစ်ဦးတစ်ယောက်သူ၏ ဗလာကျင်းမျက်ဝန်းများသည်တော့ ကားမှန်ကိုဖြတ်ကျော်ကာ အပြင်ဘက်ရပ်ဝန်းသို့ တိတ်ဆိတ်စွာပင် ငြိမ်သက်လျက် လွှတ်ပို့ထားသည် ။
ရွှေကိုင်းပုံ မျက်မှန်ဝိုင်းလေးအောက်မှ ယခင်က အဆမတန်တောက်ပခဲ့သော မျက်ဝန်းညိုများသည် ယခုတွင်တော့ မှိန်ဖျော့ကာ တိတ်ဆိတ်နေခဲ့သည် ။

" ဟာကွာ!  ကားတွေကလည်း ပိတ်နေလိုက်တာ"

တရှူး​ရှူးတရှဲရှဲဖြင့် ကြိမ်းမောင်းနေသော ဥသြ၏အသံကလွဲလျှင် ကားတွင်၌ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည် ။
ထို့နောက် ဥသြက သက်ပြင်းမောတစ်ချက်ကို ပြင်းပြင်းရှိုက်ချရင်း စိတ်မရှည်တော့ကြောင့် သက်သေထူသည် ။

" တီ.... တီ....တီ "

လမ်းပိတ်နေသည်ကိုသိလျက်နှင့် ဥသြက ကားဟွန်းတတီတီထတီးသည်မို့ ရှေ့ကားများမှ ဆဲဆိုသံများက ဟိန်းခနဲထွက်လာသည် ။
နောက်ဆုံး အနွယ်တော်ဝင်တားရသည်အထိ ။

" တော်စမ်း ဥသြ ။ ဆေးရုံနောက်ကျနေတာငါ ။ အလုပ်မရှိတဲ့မင်းက စိတ်တိုနေစရာမလိုဘူး "

အနွယ်တော်၏ စကားအဆုံး ဥသြ၏ အသက်ရှူသံကအစ တိုးလျှသွားသည် ။

ဆေးရုံသို့ရောက်သည့်အခါ မြင့်မားသော အရပ်နှင့် ဖြောင့်တန်းသော ပုခုံးတန်းများရှိသည့် အနွယ်တော်ကို သူနာပြုများနှင့် ဆရာဝန်များက ခေါင်းငြိမ့်အရိုအသေပေးကြသော်လည်း အနွယ်တော်သည်တော့ မျက်တောင်​လေးတစ်ချက် ပုတ်ခတ်ပြရုံမှ အသိမှတ်ပြုမှုလေးတစ်ခုပင် လုပ်မပြခဲ့ချေ ။

မောင့်သဒ္ဒါ(complete)Where stories live. Discover now