[ February စာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]
ကြည်လင်ပြာလဲ့သောကောင်းကင်အောက်တွင် ကောင်လေးတစ်ယောက်က အပူအပင်ကင်းစွာ စက်ဘီးဘားတန်းလေးကို ခပ်ဖြည်းဖြည်းနင်းရင်း သီချင်းညည်းနေသည် ။
လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရင်း လေအဟုန်ကို ထိထွေ့ကြည့်လိုက်တော့ ထိုကောင်လေးက လေးကိုင်ပုံနှုတ်ခမ်းများကွေးညွှန့်သည်အထိ ပြုံးလိုက်သည် ။" အိမ်အထိလိုက်မှာလားနေလ "
စက်ဘီးနောက်ခုံတွင်ထိုင်နေသော ခင်နေလအား မေးကြည့်တော့
" ဟင့်အင်း ငါ့အိမ်ရှေ့မှာပဲချပေး ဒါနဲ့လေ မေကြီးကမေးနေတယ် သမီးလေးအနွယ်တော့်ကို ဘယ်လိုသဘောရလဲတဲ့ "
" ဟားဟား နင်နဲ့ငါကို ပေးစားချင်နေကြပုံပဲ ငါတော့ No ပါနော် "
" သိပါ့တော် ကျွန်မလည်း No ပါပဲ "
နှစ်ဦးသားရယ်ရင်းမောရင်း လမ်းထိပ်မုန့်ဆိုင်မှသည် အိမ်သို့ စက်ဘီးလေးဖြင့်ပြန်လာခဲ့ကြသည် ။
ညနေစာစားချိန်မိသားစုဆုံသည့်အခါ ဒေါ်ဇူလှိုင်မိုးကအရင်စကားစလာသည် ။" သားဆေးကျောင်းကဘွဲ့ရပြီးရင် အိမ်ထောင်အရင်မပြုချင်ဘူးလား "
" ဘွဲ့ရပြီးရင် ဆေးရုံမှာ အခြေအနေတကျဖြစ်အောင် နေရအုန်းမှာပေါ့ ။ ကျွန်တော်တော့အိမ်ထောင်မပြုချင်ဘူး ။ နောက်ပြီး ဘယ်သူနဲ့ယူပါ ဘယ်ဝါနဲ့ယူပါလို့ မခိုင်းပါနဲ့ "
ဒေါ်ဇူလှိုင်မိုးက အရွက်ကြော်တစ်ဇွန်းကို အနွယ်တော့်ပန်းကန်ထဲသို့ ခတ်ထည့်ပေးရင်း ထပ်ပြောလိုက်သည် ။
" အမေတို့က သင့်တော်တဲ့သူနဲ့ စီစဥ်ပေးချင်လို့ပါ "
" ကျွန်တော်နဲ့ပေါင်းသင်းရမယ့်မိန်းမပါ အမေနဲ့ပေါင်းသင်းရမှာမဟုတ်လို့ သင့်တော်သလားဆိုတာ သားကလွဲရင် ဘယ်သူက အသိဆုံးဖြစ်မှာလဲ "
အနွယ်တော်ရတိပြတ်ဆိုလိုက်၍ ထမင်းစားခန်းမှ ထထွက်လာခဲ့သည် ။
အိပ်ခန်းထဲသို့ရောက်သည့်အခါ စာကြည့်မျက်မှန်ကိုတပ်လို့ရယ် စာအုပ်ကိုဖွင့်လိုက်သည် ။
သို့သော်စိတ်တို့သည်ကား စားပွဲပေါ်မှ ကြိုးဖုန်းထံတွင်ဖြစ်သည် ။
ထို့နောက်
ČTEŠ
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...