[ ခါသကြ်န်၌ပို့သောစာ]
မနက်စောစော လမ်းထိပ်မဏ္ဍပ်မှ တူးပို့တူးပို့သီချင်းသံသည် လေတိုက်ရာနောက်လွင့်မျောရင်း အနွယ်တော်တို့အိမ်တော်ဘက်သို့ ပျံ့လွင့်လာသည် ။
ဆူဆူညံညံသီချင်းသံကြောင့် အနွယ်တော် အိပ်နေရာမှ မျက်မှောင်ကျုံ့လိုက်သည် ။နိုးသွားသော်ငြား မျက်လုံးမဖွင့်နိုင်သေး၍ စောင်ကိုခေါင်းထိခြုံကာ တစ်ဖက်သို့ ပြန်လည်စောင်းအိပ်လိုက်သည် ။
တစ်ချိန်က နားစွင့်ထောင်ရင်း အပျော်ကြီးပျော်ခဲ့သော တူးပို့တူးပို့သီချင်းသံသည် ယခုတွင်တော့ အနွယ်တော်နားမထောင်ချင်ဆုံးသော ဆူညံပြီးနားဒက္ခပေးလွန်းသည့်အသံပင်ဖြစ်သည် ။ကုတင်ထိပ်ပြတင်းပေါက်မှ ကြည်ဖျာသော အလင်းရောင်သည် လေနောက်နှင်ရင်းလွင့်မောနေသည့်လိုက်ကာစအပြာများကြားမှ ထိုးဖောက်ဝင်ရောက်လာသည် ။
ခေါင်းထိခြုံထားသောစောင်ကိုခွာလိုက်သည့်အခါ အနွယ်တော်၏ဖြူကြည်သောအသားအရေထက်သို့ နေရောင်ဖျော့ဖျော့သည် မီးမောင်းထိုးပေးထားသည့်နှယ်ကျရောက်နေသည်မို့ အပြာရောင်မွေ့ယာထက် အနွယ်တော်သည် ဖြူစင်သန့်ရှင်းဝင်းပနေတော့သည် ။ငယ်စဥ်ကအတိုင်း တိရိသေသပ်စွာ ညှပ်ထားသော ဆံသားများကို လက်ဖြင့်တစ်ချက်ထိုးသပ်ရင်းပင် မွေ့ယာထက်တွင် ထိုင်လိုက်သည် ။
အနွယ်တော်တို့အိမ်တော်သည် သစ်သားများဖြင့်ဆောက်ထားပြီး အပြာရောင်ဆေးသုတ်ထားသည့်အပြင် ခြံတွင်းမွှေးကြိုင်သောပန်းများစိုက်ထားသည်မို့ လူတိုင်း၏အိမ်မက်အိမ်ရာလေးကဲ့သို့ နွေးထွေးသည့်အရိပ်အမြုံလေးပင် ။
သာယာသောနေ့တစ်နေ့ဖြစ်သည့် သကြ်န်အတတ်နေ့သည် အနွယ်တော်အတွက်တော့ ပုံမှန်နေ့ရက်များလိုပင် ။မနက်အိပ်ရာထမည် ။ မဏ္ဍပ်တကာမှရေပတ်ခြင်းကိုခေါင်းငုံ့ခံပြီး ဆေးရုံသို့ရောက်အောင်သွားမည် ။ ညနေအိမ်ပြန်လာသည့်အခါ ဓိပတိနွယ်တော်၏စီးကြိုခြင်းကို ထွေ့ပွေ့ရင်းလက်ခံမည် ။
ထိုမှနောက်တနေ့ကို ထပ်တူအတိုင်း ပုံတူဖြတ်သန်းမည် ။မနက်နိုးအိပ်ရာထကတည်းက အနွယ်တော်သည် အပြုံးအရယ်မရှိပါဘဲ တည်ကြည်သောမျက်နှာထားနှင့် ကုတင်ထပ်ပြတင်းပေါက်မှ အပြင်ဘက်ရပ်ဝန်းသို့ တစ်ချက်ငေးခနဲ ။
ESTÁS LEYENDO
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...