အတိတ်၏အတိတ်ဆိုး

617 52 0
                                    

[ အတိတ်၏အတိတ်ဆိုး]

ထွေပြားသော ညနေခင်းတွင် အချိန်တစ်ခုမှ သဒ္ဒါ ထိုကြမ်းပြင်ပေါ်တွင် လှဲနေလျက်မှ ထလာခဲ့သည် ။
သခင်မကြီးနှင့် ဦးဓနနွယ်မှာ ရန်ဖြစ်နေကြဆဲ ။

သို့ဆိုလျှင် အနွယ်တော်ရော ။

ဝူးဝူးဝါးဝါးအော်ဟစ် ရန်ဖြစ်နေကြသော သခင်မကြီးနှင့်ဦးဓနနွယ်ကို လစ်လျှူရှု၍ သဒ္ဒါ ဖြည်းညှင်းစွာပင် စာဖတ်ခန်း ပြတင်းပေါက် ခန်းစည်းကို အနည်းငယ် ဖယ်ခွာ၍ကြည့်လိုက်သည် ။
ထိုအခါ အိမ်တော်ထဲမှ မောင်းထွက်တော့မည့် ကားတစ်စီးပေါ်တွင် အနွယ်တော့်အား လှမ်းမြင်နေရသည် ။

သူမြင်နေရသော အနွယ်တော့် မျက်နှာမှာ စိုးထိတ်မှုများဖြင့် ။

မျက်ရည်များဖြင့် ။ တဖန် အနွယ်တော်က အော်ဟစ်ပြောဆိုနေသေးသည် ။

သဒ္ဒါ နောက်ဆုံးအကြိမ် အနွယ်တော့်အားမြင်လိုက်ရသော ထိုမြင်ကွင်းသည် ရင်ကိုခွဲမတတ် ။
အုပ်မှိုင်းကာ မြူစိုင်းလာသော ရပ်ဝန်းတွင်းတွင် ကားဖြူဖြူလေးထဲ၌ အနွယ်တော်က အတင်းရုန်းထွက်ရန်ကြိုးစားနေပုံရသည် ။

ဆံသားများဖရိုဖရဲဖြင့် ချွေးများရွှဲသည်အထိ အနွယ်တော်က အော်ဟစ်နေသည် ။

လည်ပင်းကြောများ ထောင်ကာ အနွယ်တော်က အော်ဟစ်ပြောဆိုလိုက် ဆံသားများကိုတစ်ချက်ထိုးဖွလိုက်ဖြင့် ထိုမြင်ကွင်းမှာ အတော်လေး စိတ်ပျက်စရာပင် ။

အနွယ်တော့်အော်သံကို သဒ္ဒါမကြားရသော်ငြား ရင်ထဲတွင်တော့ အတော်ကို ကျယ်လောင်မွတ်သိပ်နေခဲ့သည် ။
ကားဖြူလေးမြင်ကွင်းထဲမှ မောင်းထွက်သွားသည်အထိ သဒ္ဒါ မျက်တောင်တစ်ချက်မခတ်ပါဘဲ လိုက်ကြည့်နေခဲ့သည် ။
ဒါဟာ သဒ္ဒါ့အတွက် အနွယ်တော့်အားတွေ့ရသော နောက်ဆုံးမြင်ကွင်းဖြစ်ခဲ့သည် ။

ထို့နောက် သဒ္ဒါသည် ခန်းစည်းအား ပြန်ပိတ်ကာ သခင်မကြီးဘက်သို့လှည့်လိုက်သည် ။

" သူကမေမေ့မြေးဆိုတာတောင်သိသေးရဲ့လား အင်းပေါ့! ဖေဖေ့ကိုတောင် အမေက ကိုယ့်အမျိုးသားတစ်ယောက်လို့မြင်ခဲ့တာမှ မဟုတ်ဘဲ "

မောင့်သဒ္ဒါ(complete)Where stories live. Discover now