သဒ္ဒါနှင့်ပြန်လည်တွေ့ဆုံခြင်း

604 53 1
                                    

[ သဒ္ဒါနှင့်ပြန်လည်တွေ့ဆုံခြင်း]

မြူနှင်းဝေသော ကလော၏ မှုန်တီမှုန်ဝါးမနက်ခင်းတွင် အနွယ်တော်သည်တော့ စိုးတထိတ်ထိတ်ဖြင့် ကားလေးမောင်းနှင်လာခဲ့သည် ။
မရပ်မနားပါဘဲ မောင်းနှင်လာသော ကားလေးသည် ကလောမြို့သို့ မနက်၆နာရီတွင် ဆိုက်မြိုက်စွာရောက်လာခဲ့ပြီး ယခုလည်း ခင်နေလတစ်ယောက် အလုပ်လုပ်သော ဆေးရုံသို့ မောင်းနှင်လာခဲ့သည် ။

ဖရိုဖရဲဖြစ်ကာ ရှုပ်ပွနေသော ဆံသားများကို တစ်ချက်ထိုးဖွရင်း သက်ပြင်းမောများကိုလည်း အကြိမ်ကြိမ်ရှိုက်မိသည် ။

နာရီအတော်ကြာ ထိုင်နေခဲ့ရသော ကားခန်းထဲတွင် မွန်းကြပ်လာပြီရယ်မို့ ကြယ်သီးများကို ရင်ဘတ်ကျယ်ကျယ်ပေါ်သည်အထိ ဖြုတ်လိုက်သည် ။

ခံစားချက်တို့သည်က ရောပြွန်းကာ မည်သို့မည်ပုံ ဖွင့်ဟအမည်တပ်ရမည်မှန်းမသိ ။

သဒ္ဒါ ။ သူ့ဘဝ၏ အနက်အဓိပ္ပါယ် ၊ အသက်ရှင်ရခြင်း၏ အကြောင်းအရာ ဖြစ်သော သဒ္ဒါ ။

သဒ္ဒါဟာ ဘယ်လိုပုံစံမျိုးဖြစ်နေလိမ့်မည်နည်း ။

သူ့နည်းတူ ပြည့်တင်းကာ ရင့်ကျက်သည့်လူကြီးတစ်ယောက်ပုံစံဖြစ်လာလေမလား ။

သို့မဟုတ်လျှင် ယခင်ကအတိုင်း ဆံနွယ်ရှည်များနှင့် ပေကပ်ကပ်ကောင်လေးတစ်ယောက်ပုံစံအတိုင်းလေးပဲရှိနေလေမလား ။

သဒ္ဒါကသူ့ထံမှ ထပ်၍ ထပ်၍ ထွက်သွားလေအုန်းမလား ။

စုံစိသော အတွေးပေါင်း သောင်းခြောက်ထောင်က ဆေးရုံရှေ့အရောက်တွင် တိခနဲပြတ်သွားသည် ။
အနွယ်တော်ကားပေါ်မှ အပြေးလေးဆင်းကာ ဆေးရုံထဲဝင်လေတော့ အရေးပေါ်ဌာနတွင် သူနာပြုများနှင့်စကားပြောနေသော ခင်နေလကို တွေ့ရသည် ။

" နေလ....."

တိတ်ဆိတ်ကာ ငြိမ်သက်နေသော အချိန်တွင် ထွက်ပေါ်လာသော အားကိုတကြီးဖြင့် အက်ကွဲသြရှနေသည့် ခေါ်သံတစ်ခု ။
ခင်နေလတစ်ယောက် အနွယ်တော့်ကိုမြင်မြင်ချင်း အနားသို့အပြေးလေးရောက်လာသည် ။

" ဟယ် အနွယ်တော်ရယ် မနက်မှအေးဆေးလာပါလို့ပြောထားတာကို ကြည့်စမ်း တရေးမှမအိပ်ရသေးဘူးလား အကျီတွေလဲ ဟပြဲကြီးနဲ့ပါလား "

မောင့်သဒ္ဒါ(complete)Donde viven las historias. Descúbrelo ahora