[ သဒ္ဒါရှိသော အရပ်]
" သဒ္ဒါက ဘာဖြစ်လို့ ဆေးရုံတက်ရတာလဲ နေလ "
အနွယ်တော်က အရေးပေါ်ဌာနမှ လူနာစာရင်းများကို တစ်ချက်လှန်လျောကြည့်ရင်း ဘေးတွင်ရပ်နေသည့် ခင်နေလအားမေးလိုက်သည် ။
" ကဲ အနွယ်တော်ရယ် သိချင်ရင် သဒ္ဒါကိုသွားမေးပါကွာ ။ ခုငါ အိမ်ပြန်ရအုန်းမယ် "
ထိုအခါ အနွယ်တော်က နှစ်ရက်ဆက်တိုက် ညဂျူတီကျနေသော ခင်နလအား တစ်ချက်ကြည့်၍
" ဖြစ်လား ။ ငါလိုက်ပို့မယ်လေ "
" ရတယ် မောင်ကသူလာခေါ်မယ်တဲ့ ဒါနဲ့ နင်ရော ဘယ်မှာနေမှာလဲ ပိုက်စံရော လုံလုံလောက်လောက် ပါလာသေးလား ငါ့အိမ်မှာလိုက်နေမလား ဟိုတယ်မှာ အခန်းငှားပေးရမလား ''
" နေပါ နေလရယ် ငါသဒ္ဒါ့အနားမှာပဲ နေမှာ သူကလွယ်တာမဟုတ်ဘူး ငါလစ်တာနဲ့ထွက်ပြေးမယ်ကြံနေတဲ့အကောင် ခုတောင် အခန်းထဲရှိသေးရဲ့လား မသိဘူး ငါသွားတော့မယ်နေလ ဒါပဲ ''
လက်ထဲမှ လူနာစာရင်းကို ချကာ အနွယ်တော်က သုတ်တီးသုတ်ပြာဖြင့်ထွက်သွားသည်ကို ခင်နေလတစ်ယောက် ကြည့်နေရင်းသာ ခေါင်းခါလိုက်သည် ။
မန္တလေးမှ အမြန်ပြင်ဆင်ကာထွက်လာရတုန်းက ယွန်းမြန်မာထည့်ပေးလိုက်သည်မှာ ဝတ်စုံနှစ်ထည်အပြင် ကျန်တာဘာမှပါမလာခဲ့ ။ထို့ကြောင့် အနွယ်တော်က ကိုယ်တွင်ဝတ်ထားသော ဝတ်စုံအပါအဝင် ထိုသုံးထည်ကိုသာ ထည်လဲဝတ်နေရသည် ။
လိုရမယ်ရ ဆောင်လေ့ရှိသော ပိုက်စံအနည်းငယ်အပြင် အနွယ်တော်ဟာ လူလုံးချည်းသာရှိသည် ။သဒ္ဒါမနိုးခင် မနက်စာစားရန် ထွက်လာခဲ့သည်က ခင်နေလအား သဒ္ဒါ့အကြောင်းမေးရင်းနှင့်ပင် မနက်စာငတ်၍ ယခု သဒ္ဒါရှိရာသို့ ပြန်လာရပြန်သည် ။
အနွယ်တော် VIP အခန်းရှေ့ရောက်တော့ အမြဲမြင်နေကျ သဒ္ဒါ၏ ဝတ်စုံပြည့်နှင့်လူနှစ်ယောက်ကို မတွေ့ရ၍ အနည်းငယ် ထိတ်ခနဲဖြစ်ကာ ပြာဝေသွားရသည် ။မဖြစ် ။ သဒ္ဒါ ထပ်၍ သူ့ဘဝထဲမှ ထွက်သွားလို့မဖြစ် ။
အနွယ်တော် ချက်ချင်းပင် တံခါးကို ဒုန်းခနဲဆွဲဖွင့်လိုက်ရင်း
YOU ARE READING
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...