Ending
သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ အမျှော်အမြင်တွေအပြင် စွန့်လွှတ်ခြင်း အနစ်နာခံခြင်းတွေကအစ တန်ဖိုးထားခြင်းတွေပါ ပါဝင်နေခဲ့သည် ။
သဒ္ဒါ ။ တစ်ယောက်သောသူ၏အနက်အဓိပ္ပါဖြစ်သော သဒ္ဒါ ။" သဒ္ဒါကလေ စက္ကူဖြူလေးပေါ်က မှင်ပြာမျင်းကြောင်းလေးတွေနဲ့တူတယ် "
" ဘာလို့လဲ "
" ကိုယ့်ကို စည်းဘောင်လွတ်မသွားစေခဲ့ဘူး ။ အကယ်၍သာ ဖွားဖွားက ကိုယ့်ကို သူ့ဂိုဏ်းကိုများ ဦးတောင်ခိုင်းရင် ကိုယ်လုပ်မိလောက်တယ် ။ ကိုယ်ကနည်းနည်းပိုက်စံမက်တယ် သဒ္ဒါရဲ့ "
ထိုစကားတွေပြောတိုင်း သဒ္ဒါ ကိုယ့်ကိုကိုသိပြီး ကျေးဇူးတင်မိသည် ။
တစ်ချိန်ချိန်က အနွယ်တော့်ကိုဦးဆောင်းခိုင်းမည်ဆိုသော စကားများကို သဒ္ဒါဆန့်ကျင်ခဲ့ချေလို့ ။
နေ့နေ့ညည အလီလီပြောင်းလဲတာတွေဟာ အနွယ်တော်နှင့်ဝေးကွာခဲ့စဉ်က သိပ်ကိုကြာရှည်ခဲ့သည် ။
ယခုတွင်တော့ သဒ္ဒါ့ဘဝဟာ ပုံမှန်အတိုင်းလေး ။" အနွယ်တော် "
" ဗျာ ...ပြောလေ ချစ်သည်းလေး "
မြူစိုင်းသောထင်းရှူးတောလယ်မှာ သရေတရွှဲရွှဲနှင့် တွေ့ခဲ့ရသည့် ဖရိုဖရဲကောင်းလေးက တစ်နေ့မှာ သူ့အမျိုးသားဖြစ်လာလိမ့်မည်ဟု မတွေးဖူးခဲ့ ။
" မင်း '' '' ငါ '' သုံးပြီး ပြောဆိုရန်ဖြစ်ဖူးတဲ့ ဖြူလုံးလုံးကောင်းလေးက တစ်နေ့မှာ သဒ္ဒါ့ကို ' ချစ်သည်းလေး ' ' အသက်လေး ' လို့ တယုတယခေါ်လာလိမ့်မည်ဟု မတွေးဖူးခဲ့ ။
ဖြူဖွေးဖွေး စက္ကူပင်အောက်တွင် နှုတ်ဆိတ်နေတတ်သည့် သဒ္ဒါ့ထံသို့ မကြောက်မရွံ့တိုးဝင်လာခဲ့သည့်ကောင်လေးက သဒ္ဒါ့ဘဝထဲသို့ ခုန်ဆင်းလာခဲ့မည်ဟု မတွေးဖူးခဲ့ ။
ကမုကထစ်များပေါသော စပျစ်ခင်းခြံထဲတွင် စက်ဘီးတစ်စီးဖြင့် ခွေခေါက်လဲနေသူကို ဒေါသထွက်ခဲ့ဖူးပြီး ရင်ထဲထိတ်လန့်ခဲ့ရသည်က သဒ္ဒါ့အပြင် နတ်ဘုရားသာသိမည် ။
နွေးထွေးသော အိပ်ယာခင်ထက်တွင် တစ်ယောက်သောသူ၏ လက်မောင်းများကြား ချည်နှောင်ခံထားရခြင်းက သဒ္ဒါအကြိမ်ကြိမ် မျှော်မှန်းခဲ့ဖူးသည့် အခြေအနေ ။
မှန်ရှေ့ရောက်တိုင်း ငုံ့ကြည့်မိသော တစ်ယောက်သောသူပေးသည့် ထိုဆွဲကြိုးက သဒ္ဒါ့အတွက် တန်ဖိုးအရှိဆုံးအရာတစ်ခု ။
မြတ်မြတ်နိုးနိုး မှီတွဲဖူးတဲ့ ထိုပုခုံးတွေဟာ သဒ္ဒါ၏ ပိုင်ဆိုင်ရာ ။
မြတ်မြတ်နိုးနိုး ငေးမောဖူးသည့် ထိုလူဟာ သဒ္ဒါ၏ အပိုင် ။
" မောင် "
" ဟင်! သဒ္ဒါ သဒ္ဒါဘယ်လိုခေါ်လိုက်တယ် "
တခါတရံ ချွဲနွဲ့ခေါ်ဝေါ်မိသည်က ထိုလူ့အတွက်တော့ ထီပေါက်သည့်အလား ပြုံးပျော်သွားစေသည် ။
ငါးလပဲကြီးတဲ့ သဒ္ဒါဟာ အနွယ်တော့်အား ' မောင် ' ဟု ခေါ်တာဟာ သင့်တင်ပါရဲ့လား ။အနွယ်တော့်ဆေးရုံကို လိုက်ပို့တိုင်း ကားပေါ်မှမဆင်းခင် အနမ်းဖွဖွခြွေတာဟာရော ပတ်ဝန်းကျင်အမြင်တွင် သင့်တင့်ပါရဲ့လား ။
သို့သော် သဒ္ဒါ အနွယ်တော့်အား ချစ်မိခြင်းဟာတော့ သင့်တင့်ခဲ့ပါသည် ။
မတူကွဲပြားသော ချစ်ခြင်းမျိုးက အများအမြင်တွင် ပြောစရာဖြစ်နေမလား ။
မည်သို့ပင်ဆိုဆို ပတ်ဝန်းကျင်၏ ဖိအားအနည်းငယ်တော့ ရှိခဲ့သည် ။
သို့သော် အနွယ်တော်ဟူသော ဖြစ်တည်မှုက အရာရာကို အားဖြစ်စေခဲ့သည် ။ ရင်ဆိုင်နိုင်စေခဲ့သည် ။
" သဒ္ဒါရေ...."
" ဘာများချွဲအုန်းမလို့လဲ အဖေလေးရဲ့ "
ချွဲပြစ်နေသောမိမိနံမည်က ထိုလူသား ခေါ်လျှင် အနည်းငယ်နားထောင်ကောင်းနေသယောင် ။
ယုယုယယ ချစ်ကြောင်းများပြောလာလျှင်လည်း ထုံးစံမပျက် ရင်ခုန်စမြဲ ။အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ ။
ဘာကိုမှ တုပပြီး ပြန်မဖြေနိုင်ခင်မှာဘဲ သဒ္ဒါနားလည်လိုက်တာဟာ အချစ်သည် ထိုလူသားဖြစ်ကြောင်း ။" အနွယ်တော် "
တစ်ခါခေါ်မိတိုင်း နွေးထွေးသွားသယောင်ခံစားရသည့် ထိုနာမ်စား ။
သူ၏ချစ်သော ။
# need your vote and feedback
ВЫ ЧИТАЕТЕ
မောင့်သဒ္ဒါ(complete)
Любовные романыတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...