သဒ္ဒါရှိသော အရိပ်အမြုံ

603 48 0
                                    

[ သဒ္ဒါရှိသော အရိပ်အမြုံ]

ဖြူဖွေးအိစက်သောကုတင်ထက်၌ အပေါ်ပိုင်းဗလာဖြင့် ကျောမှီထိုင်နေသော သတ်လတ်ပိုင်းအမျိုးသားတစ်ယောက်မှာ ငြိမ်သက်လျက် ။

ထိုလူ၏ဗလာကျင်းနေသော မျက်ဝန်းများသည်တော့ အဝေးတစ်နေရာဆီသို့ပို့လွှတ်ထားပြီး ထိုလူသည် အသက်ရှူနေသော စာခြောက်ရုပ်တစ်ခုကဲ့သို့ ။

ထိုအမျိုးသား၏ကုတင်ဘေး လူနာစောင့်ထိုင်ခုံတွင်တော့ ကြည်စင်ကာချောခန့်နေသော အမျိုးသားတစ်ဦးက မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည် ။

မည်သည့်စကားမျှမဆိုဖြစ်ကြ ။

ဝေးကွာခဲ့ရသော ရက်ပေါင်းများစွာ၏နောက်ဆုံးတွင်တော့ သူတို့နှစ်ဦးပြန်လည်နီးစပ်လာခဲ့သည် ။
တခါတရံတွင် လူတွေသည် ပြောပြစရာများ များပြလွန်းသည့်အခါ နှုတ်ဆိတ်လာတတ်ကြသည် ။
အေးစက်သွားခြင်းမဟုတ်ကြပါဘဲ ထိုသို့လေး အတူငြိမ်နေရခြင်းက ကောင်းသောခံစားချက်လေးတစ်ခုလိုပင် ။

မိနစ်ပေါင်းများစွာ ၊ နာရီပေါင်းများစွာ ဝေးကွာနေခဲ့ပြီးနောက် အကြည့်တစ်ချက် ၊ လှုပ်ရှားမှုတစ်ခု ဆုံးဆုံ အသက်ရှုသံလေးကအစ တန်ဖိုးဖြတ်မရနိုင်ခဲ့ချေ ။

" ဆေးရုံဘာလို့တက်ရတာလဲ သဒ္ဒါ "

အေးစက်စက်နေတတ်သော သဒ္ဒါက ထုံးစံအတိုင်းအေးစက်နေမြဲပင် ။
အဝေးဆီသို့ပို့ထားသော အကြည့်များကပင် တစ်ချက်ရွေ့မသွားချေ ။

" ဘယ်တွေရောက်နေတာလဲ သဒ္ဒါ "

ထိုသည်ကိုလည်း သဒ္ဒါကမဖြေ ။

" ဘာလို့ ကိုယ့်ဆီကိုပြန်မလာတာလဲ "

ဆိတ်ငြိမ်နေသော သဒ္ဒါက အနွယ်တော့်ကို လစ်လျှူရှုထားသလားထင်ရအောင် မျက်တောင်တစ်ချက်ပင်မခတ်ချေ ။
ထို့နောက်

" အား.....! နာတယ် ဘောဖြစ်လို့ ကိုက်တာလား "

" မင်းက တစ်ခွန်းမှပြန်မဖြေတာကို စောက်သည်းယားလာလို့ကိုက်တာ ဘာဖြစ်လဲ ! "

" အသည်းယားတိုင်းကိုက်ရအောင် မင်းကခွေးလား! "

" ငါက ခွေးမဟုတ်ဘူး မင်းကလာမြူစွယ်နေတာလေ "

မောင့်သဒ္ဒါ(complete)Onde histórias criam vida. Descubra agora