အမှတ်တရထဲမှ အမှတ်တရများ

220 7 0
                                    

[ အမှတ်တရထဲမှ အမှတ်တရများ]

အနွယ်တော် မသိသော သဒ္ဒါ၏ တစ်ဖက်ခြမ်းသည် မည်သို့ မည်ပုံရှိမည်နည်း ။

' လွမ်းတယ် ' ဟု လေလှိုင်းမှ တဆင့်စကားသံက သဒ္ဒါ့အား မိုင်ချီဝေးသော အနွယ်တော်ရှိရာသို့ ချက်ချင်းရောက်လာစေခဲ့သည်လား ။

ရာထောင်ချီသော အတွေးတို့က နွံနှင့်တူသကဲ့သို့ လူကို တစ်ဖြည်းဖြည်း နစ်သည်ထက် နစ်သည်အထိ ဆွဲခေါ်လာသည် ။

တဝီဝီပြေးနေသော ကားလေးထဲတွင် ငြိမ်နေသူက ကားမှန်ကို ဖြည်းဖြည်းချင်းချစေသည် ။
ထို့နောက် ဘောင်းဘီအိတ်ကပ်ထဲမှ တစ်လိပ်တည်းသာကျန်တော့သော ဆေးလိပ်ဗူးကိုနှိုက်သည် ။

တစ်လိပ်တည်းသော ဆေးလိပ်တိုကို နှုတ်ခမ်းကြားတွင်တေ့လိုက်တော့မကြာသေးခင်က အငမ်းမရနမ်းဖူးသော ခါးသက်သက်နှုတ်ခမ်းပါးများကို ချက်ချင်းပြေးမြင်ယောင်မိသည် ။

ထိုအခါ လူက မပြုံးဘဲကိုမနေနိုင် ။

အနွယ်တော် ပြုံးနေခဲ့သည် ။ အဝေးပြေးလမ်းမထက်တွင် မီးမညှိရသေးသော ဆေးလိပ်တိုကို နှုတ်ခမ်းတွင်တေ့၍ အနွယ်တော် ပြုံးနေခဲ့သည် ။

" ဆေးလိပ်တွေမသောက်နဲ့လေကောင်လေး ဆရာဝန်ဖြစ်ပြီးတော့ ကိုယ်ကစပြီးကျန်းမာရေးမလိုက်စားရင် မကောင်းဘူးကွဲ့ "

အနွယ်တော့်နောက်ခုံမှ ပါမောက္ခက ဝင်ဟန့်သဖြင့် အနွယ်တော် ဆေးလိပ်တိုကို မြေပြင်ထက်သို့ ကားမှန်မှတဆင့်လွှင့်ချလိုက်သည် ။

အနွယ်တော် ဆေးလိပ်ကို မကြိုက်ပါ ။

သို့သော် ဆေးလိပ်နံ့ရောထွေးကာညှို့ငင်နိုင်စွမ်းရှိသော တစ်ယောက်သောသူ၏နှုတ်ခမ်းများကိုတော့ အနွယ်တော် ကြိုက်သည် ။
ထို့ကြောင့် ဆေးလိပ်လေးများ နှုတ်ခမ်းကြားတွင်ညှပ်လိုက်လျှင် သဒ္ဒါ့နှုတ်ခမ်းများကို နမ်းနေရသလိုပင် ။

" ပြင်ဦးလွင်ကိုဝင်ပြီဟေ့ "

ရှေ့ဆုံးအခန်းမှ စီနီယာအစ်ကိုတစ်ယောက်၏အော်သံကြောင့် တစ်ကားလုံး၌ ပါကြသောလူများက ဝိုးခနဲ ဝါးခနဲထအော်ကြသလို အပြင်ဘက်ကို ခေါင်းများပြူကြည့်ကြတော့သည် ။

မောင့်သဒ္ဒါ(complete)Where stories live. Discover now