စူးနစ်စေသောစာ၏အတိတ်သို့ဆင့်ခေါ်ခြင်း

199 9 0
                                    

[စူးနစ်စေသောစာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]

ပုံမှန်မောင်းနှင်လာသော ကားလေးသည် အိမ်တော်ဝန်းသို့ဝင်လာချိန်တွင် အလုပ်သမားတချို့မှာ ပြာပြာသလဲ လာကြိုကြသည် ။
ထိုအထဲတွင် သဒ္ဒါမမှာမှန်းသိသော်ငြား ရိုးရာမပျက် မျက်လုံးလေးဝေ့ကြည့်ရင်း ရှာမိပြန်သည် ။

ထင်ထားသည့်အတိုင်း သဒ္ဒါမရှိချေ ။

ကားအဖြူရောင်လေးပေါ်မှဆင်းလာသော အနွယ်တော့်အား အသစ်ဖြစ်နေသည့်အလုပ်သမားအမျိုးသမီးတစ်ချို့က ရှက်ပြုံးလေးများဖြင့်ကြည့်လာကြသည် ။

အကျီ..ဆွဲချသူကချ ။ ဆံပင်လေးများကို နားနောက်သပ်သူကသပ်နှင့် အရှက်ပိုနေကြသည် ။

ထိုသို့အရှက်ပိုချင်စရာကောင်းလောက်အောင်ပင် အနွယ်တော်သည်ကား အသက်နှစ်ဆယ်အရွယ်နှင့်လိုက်အောင် ခန့်ညားချောမောနေသည် ။
အရင်အတိုင်း တမွှေးချင်းရှင်းနေသော ဇင်ယော်တောင်မျက်ခုံးမွှေးလေးများက ​သေသပ်သောဆံသားများနှင့် ကြည့်လို့ကောင်းနေသည် ။

လေးကိုင်းပုံနှုတ်ခမ်းလေးများက တစ်ချက်ပြုံးလိုက်လျှင်ပင် တမေ့တမောငေးကြည့်မိသည်အထိ ။
ခိုင်ခံ့သောပုခုံးတန်းနှစ်ဖက်များ အားကိုးချင်စဖွယ်ပင် ။
မှန်သည် ။ အနွယ်တော်သည် ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်လို သိပ်ကိုကြည့်ကောင်းလာခဲ့သည် ။

" အထုတ်တွေကို တစ်ခါတည်းအခန်းထဲထည့်ပေးပါ မဇွန်ပန်း ။ ဒါနဲ့ သဒ္ဒါရော "

သဒ္ဒါဟူသော အသံကိုကြားမှကြားရပါမလားဟု တွေးနေခင်တွင်ပင် အနွယ်တော့်ပါးစပ်မှ သဒ္ဒါဟူသော အမည်နာမ်မကထွက်လာသည် ။
ဇွန်ပန်းတစ်ယောက် ခေါင်းလေးတစ်ချက်ငုံ့ ခပ်ပါးပါးလေးပြုံးရင်ဖြင့်ပြန်ဖြေလိုက်သည် ။

" သဒ္ဒါက သခင်လေးအိပ်ခန်းကို သန့်ရှင်းရေးလုပ်ရင်းစောင့်နေတယ် "

စကားအဆုံး အနွယ်တော်သည် ဇွန်ပန်းလက်ထဲမှ အကျီ...ထုတ်များကို ချက်ချင်းလက်လွှဲယူသည် ။

" လေးနေမှာပေါ့ ။ ကျွန်တော်ပဲသယ်သွားလိုက်မယ် ။ ပုံမှန်အတိုင်း တစ်ယောက်အိပ်မွေ့ယာလေးယူလာပေးပါအုန်း "

မောင့်သဒ္ဒါ(complete)Donde viven las historias. Descúbrelo ahora