Christmas ၏အတိတ်သို့ဆင့်ခေါ်ခြင်း

454 44 0
                                    

[ Christmas ၏အတိတ်သို့ဆင့်ခေါ်ခြင်း]

မှုံတီမှုံဝါးအချိန်ဖြစ်သည် ။

မှိုင်းညို့ညို့တောင်တန်းများကို မြင်ရရန် အနွယ်တော် ထင်ရှူးအလွန်ဘက်သို့ လမ်းထွက်လျှောက်ခဲ့သည် ။
သဒ္ဒါသည်ကား ဘယ်အရပ်ကိုသွားမှန်းမသိ ။

နေဝင်ရီတရောအချိန်ရယ်မို့ တောင်စောင်းလေးတွင် သိပ်ကြာကြာမနေလိုက်ရပါပဲ ပြန်ရန်ဆုံးဖြတ်ခဲ့သည်က သဒ္ဒါနှင့်တွေ့ဆုံဖို့အကြောင်းဖန်စေသည် ။

မြူရစ်ဆိုင်းသော ထင်းရှူးတောထဲသို့ ပြန်လည်ဖြတ်လျှောက်ချိန်တွင်မှာပဲ စူစူးဝါးဝါးအော်သံတစ်ခု ။
ရင်းနီးနေသော ထိုအော်သံက သဒ္ဒါ့အသံမှန်း အဝေးဆီကတည်းက အနွယ်တော် ရိပ်စားလိုက်မိသည် ။

အသံနှင့်အနီးဆုံးအရပ်ဆီသို့ ပြေးလိုက်လာချိန်မှာတော့ ကျောက်တုံးများကြား ပက်လက်လှန်လှဲနေသော သူ၏သဒ္ဒါ ။
အနားထိတိုးကပ်မသွားပါပဲ အနွယ်တော် ခပ်ဝေးဝေးကနေရပ်ကြည့်နေလိုက်သည် ။
ပက်လက်လန်လှဲနေသော သဒ္ဒါက ကောင်းကင်ကိုကြည့်ရင်း အော်ဟစ်သောင်းကြမ်းတော့သည် ။

" ဘုရားသခင်ရေ....... ကယ်တင်ရှင်လေးတစ်ယောက်လောက်လွှတ်ပေးပါအုန်း ။ ဒီအတိုင်းဆိုရင် မနက်ဖြန်လေဖြတ်သေသွားတော့မယ် "

ထိုစကားအဆုံး သဒ္ဒါက နှစ်နှစ်ခြိုက်ခြိုက်လည်းရယ်နေသေးသည် ။
ထို့နောက် သဒ္ဒါကငြိမ်ကြသွားပြီဆိုကာမှ အနွယ်တော် အနားသို့ လျှောက်လှမ်းသွားလိုက်ပြီး ပက်လက်လှဲနေသူအား ခါးကုန်းကာ ငုံ့ကြည့်လိုက်ရင်း ပြောလိုက်သည် ။

" ကဲ ကယ်တင်ရှင်ကြီးလာပါပြီ ငမိုက်သားရေ ...."

အနွယ်တော်ပြောလိုက်တော့ သဒ္ဒါက ဖူးယောင်နေသော မျက်လုံးကို အတင်းအားယူပြီး ဖွင့်ကြည့်သည် ။
လွန်ခဲ့သော သုံးလေးရက်ကဒဏ်ရာများပင် သက်သာရုံရှိသေးသည် သဒ္ဒါက နောက်ထပ်နောက်ထပ်သော ဒဏ်ရာ အနာတရများဖြင့် အနွယ်တော့်ထံသို့ထပ်ရောက်လာပြန်သည် ။

ဆိတ်ငြိမ်နေသော ထင်းရှူးတောငယ်လေးထဲအတွင်း မြူအနည်းငယ်စိုင်းနေသော်ငြား အနွယ်တော်သဒ္ဒါ့မျက်နှာကို ကောင်းကောင်းမြင်နိုင်သည် ။
သွေးစို့နေသော နှုတ်ခမ်းထောင့်စွန်းမှ ဒဏ်ရာများကို စေ့စေ့ကြည့်မိတော့ လက်သီးဆုပ်ကာ ဒေါသထွက်ရသူက အနွယ်တော်ပင် ။

မောင့်သဒ္ဒါ(complete)Unde poveștirile trăiesc. Descoperă acum