[Augustစာ၏အတိတ်သို့ဆင့်ခေါ်ခြင်း]
အနည်းငယ် အုပ်မှိုင်းသော တောငယ်မှာ လူသွားလူလာနည်း၍ထင် ။
ဒူးထိရှည်သော မြက်ရိုင်းများက နေရာတိုင်းမှာရှိနေပြီး ထိုမြက်ရိုင်းများကြောင့်ပင် အနွယ်တော် သဒ္ဒါ့ခြေလှမ်းများအား နောက်ယောင်ခံနိုင်တော့သည် ။
အုံထူနေသော မြက်တောအတွင်း လဲနေသော မြက်ပင်များမှာ သဒ္ဒါ၏ ကွင်းထိုးဖိနပ်လေးကြောင့်မှန်း အနွယ်တော် သိသည် ။ထိုအတိုင်း ရှေ့ဆက်လျှောက်ရင်းပင် ခဏအကြာ၌ တွေ့လိုက်ရသော ပုံမှန်မဟုတ်သည့်မြင်ကွင်း ။
တောအုပ်၏အလွန်တွင် ထွေလီများပြားလှစွာသော ဘိန်းခင်း ။
နီနီရဲနေသော အဖူးအပွင့်စုံနေသည့် ဖွေးဖွေးလှုပ်ပွင့်နေသော ဘိန်းခင်း ။
အနွယ်တော် ရုတ်တရက်အခြေအနေရယ်မို့ မျက်လုံးများပြာဝေသွားရသည်အထိ ။ မျက်တောင်လေးများ တဖြတ်ဖြတ်လှုပ်ခတ်သွားသည်အထိ ။
ကျယ်ပျံ့သော ဘိန်းခင်းတစ်ခွင်ကိုလှည့်ပတ်ကြည့်လိုက်ပြီးနောက် ကျောခိုင်းနေသော အခင်းအလယ်မှ သူ၏သဒ္ဒါ ။
နက်ပြာရောင်စွယ်တာကိုဝတ်ဆင်ထားသော သဒ္ဒါက ခါးနှစ်ဖက်ကိုထောက်၍ ဘိန်းခင်းကို ဝေ့ဝဲကြည့်နေသည် ။
" သဒ္ဒါ.......''
ခပ်ကျယ်ကျယ်လေးလှမ်းခေါ်လိုက်တော့ သဒ္ဒါက ထိတ်ထိတ်ပြာပြမျက်ဝန်းများဖြင့် ပြန်လှည့်ကြည့်လာသည် ။
အနောက်ပါး မနီးမဝေး၌ ခြေစုံရပ်နေသော အနွယ်တော့်အားမြင်သည့်အခါ သဒ္ဒါက ပတ်ပတ်လည်အနီးတဝိုက်တွင် လူရှိသေးသလားဟု စူးစမ်းလိုက်သည် ။ဘိန်းခင်းထဲ ကုံးကွနေကြသော လူတစ်ချိို့သည် အနွယ်တော့်အား သတိမထားမိကြဟန်တူမှ သဒ္ဒါ အနွယ်တော့်အနားသို့အပြေးလေး ရောက်လာသည် ။
ထို့နောက် ဘာမှမပြောရသေးခင်မှာတင် အနွယ်တော်၏လက်ကိုဆွဲ၍ တောအုပ်လေးထဲသို့ ပြန်ဆွဲခေါ်လာခဲ့သည် ။ဒေါသများတရှူးရှူးထွက်နေသော သဒ္ဒါက အနွယ်တော့်အား ဘာစကားတစ်ခွန်းမှမဆိုဘာဘဲ အတင်းဆောင့်ဆွဲခေါ်လာခဲ့သည် ။
လူအများနှင့် ဝေး၍ ဆိတ်ငြိမ်သောနေရာတွင်မှ သဒ္ဒါက အနွယ်တော့်လက်ကိုလွှတ်၍ ကျောခိုင်းရင်းပင် စကားစပြောသည် ။
ESTÁS LEYENDO
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...