[အိမ်မက်အကြောင်းပို့သောစာ]
မနက်ခင်းအလင်းရောင်အောက်တွင် အနွယ်တော် လေ့ကျင့်ခန်းတစ်ချို့လုပ်နေခဲ့သည် ။
အသက်သုံးဆယ်ကျော်အရွယ်လူကြီးတစ်ယောက်ကဲ့သို့ ကောင်းမွန်စွာကြီးပြင်းလာခဲ့ပြီးနောက် အနွယ်တော်သည် တည်ကြည်ခန့်ညားပြီး ရှင်းသန့်ချောမောနေဆဲပင် ။
ရှည်သွယ်သော လက်များကိုလေထဲ၌ ဆန့်တန်းရင်း အသက်ကိုပြင်းပြင်းရှူကာ ဘေးဆီမှ ပိစိပေါက်စကိုလည်းငုံ့ကြည့်ရသေးသည် ။" လက်ကိုတင်းတင်းဆန့်ထားလေ ဓိပတိ "
" လုပ်ပါတယ် ဖေဖေကရဲ "
မနက်လင်းနေသော်ငြား မျက်လုံးစုံမှိတ်၍ လက်လေးများကွေးထားသော ဓိပတိလေးက ပြောင်လိမ်ပြောင်စားလေးရယ်မို့ အနွယ်တော် ခေါင်းတစ်ချက်ခါရင်း ရယ်လိုက်သည့်အခါ ပ်ိစိကောင်က မျက်စောင်းထိုးကြည့်သည် ။
" ဥသြကလည်း လိုက်ရယ်နဲ့လေ "
အိပ်ရာထနောက်ကျတတ်ပြီးပျင်းသည့်ကလေးကို အနွယ်တော်က အဖော်အဖြစ်လေ့ကျင့်ခန်းလုပ်ခိုင်းသည့်အခါ ဓိပတိလေးက ဥသြကိုအပူကပ်ပြီး အနားတွင်ခေါ်ထားတတ်သေးသည် ။
သုံးယောက်တန်းစီရင်း အိမ်ရှေ့ကိုမျက်နှာမူ၍ လေ့ကျင်းခန်းလုပ်ရာတွင် ဓိပတိလေးကိုအလယ်မှာထားလိုက်သည် ။တခွီးခွီးရယ်နေသော ဥသြကိုတော့ ဓိပတိလေးက အသေနိုင်သည် ။
" ဘယ်လောက်ကြာအောင်လုပ်ရအုန်းမှာလဲ ညောင်းနေပြီရယ် "
လေ့ကျင်းခန်းလုပ်နေသည်မှာ ဆယ်မိနစ်ပင်မကြာသေးဘဲ ဓိပတိလေးဆီမှ ထွက်လာသော စကားဖြစ်သည် ။
" ခဏပါပဲ "
အနွယ်တော်တို့လေ့ကျင့်ခန်းလုပ်နေစဥ် ကျွီခနဲမည်အောင်ရပ်လိုက်သော အဖြူရောင်စက်ဘီးတစ်စီး ။
ထိုစက်ဘီးပေါ်မှ ကောင်လေးတစ်ယောက်ဆင်းလာပြီးနောက် စာတိုက်ပုံးအပြာလေးထဲသို့ စာတစ်စောင်ကို သွတ်သွင်းသည် ။
ထိုအရာကိုမြင်လိုက်သည့်အနွယ်တော်က ချက်ချင်းပင် လေ့ကျင့်ခန်းလုပ်သည်ကို ရပ်လိုက်သည် ။" ဥသြတို့ အိမ်ထဲဝင်ချင်ရင်ဝင်တော့ ဒီနေ့ဒီလောက်ပဲ "
ထိုသို့ပြောကာ အနွယ်တော် အိမ်ရှေ့ စာတိုက်ပုံးဆီသို့အပြေးနှင်မိသည် ။
YOU ARE READING
မောင့်သဒ္ဒါ(complete)
Romanceတစ်စုံတစ်ယောက်ကို ရင်မှာ အမည်တပ်ပြီး ချစ်ပါကြောင်း ဝန်ခံခြင်းဟာ ချစ်ခြင်းများလား ။ တစ်စုံတစ်ယောက်ရဲ့ပါးကို တမွမွနမ်းရှိုက်ပြီး သိမ်းပိုက်လိုက်ခြင်းက ချစ်ခြင်းများလား ။ တယုတယ ကြင်နာပြကြတာဟာ ချစ်ခြင်းများလား ။ သဒ္ဒါ့အတွက်တော့ ချစ်ခြင်းဟာ အတွေးအခေါ်တွေ...