စာမလာသော လများ

522 47 0
                                    

[စာမလာသော လများ]

အေးမြမြဆောင်း၏ မီးလင်းဖိုရှေ့တွင် တစ်ခစ်ခစ်ရယ်နေသော ဓိပတိနွယ်တော်လေးက လက်ထဲတွင်လည်း အရုပ်ပေါင်းစုံကိုကိုင်ထားသည် ။
ဟိုတစ်ခုကြိုက်သည် သည်တစ်ခုကြိုက်သည်ဟု တဆာဆာအော်ရင်း အခန်းငယ်အတွင်းသူ့အသံဖြင့်ဆူညံစေသည် ။

" ပြန်ရောက်တာကြာပြီလား နေလ "

ဆိုဖာခုံပေါ်ထိုင်ရင်း ဓိပတိနွယ်တော်လေးအား မမှိတ်မသုံကြည့်နေသော ခင်နေလအား အနွယ်တော် ကော်ဖီတစ်ခွက်ကမ်းပေးရင်း မေးလိုက်သည် ။
ထို့နောက် ခင်နေလ၏ဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည် ။

" အင်းးး ကြာပြီလားဆိုတော့ သုံးရက်ပဲရှိသေးတယ်လေ "

" သားအတွက်အလုပ်ရှုပ်ခံပြီးတော့ အရုပ်တွေဝယ်လာရသလား နေလရယ် "

" အို ...... ငါကဓိပတိလေးကိုအလကားပေးတာမဟုတ်ဘူးနော် ကြီးလာရင်ငါ့သမီးလေးနဲ့ပေးစားမလို့ "

" ဟားဟား "

ခင်နေလ၏ ရည်ရွယ်ချက်အကြောင်းကြားပြီးချိန်တွင် အနွယ်တော်အပါအဝင် တစ်ခန်းလုံးရှိအလုပ်သမားများပါ ထရယ်ကြတော့သည် ။
ရယ်ရင်းမောရင်း ကော်ဖီသောက်ရင်းဖြင့် အချိန်က တဖြည်းဖြည်းညနက်လာသည် ။

တဂျက်ဂျက်မြည်သော နာရီသံများတဖြည်းဖြည်းများလာသည်နှင့်အမျှ အခန်းအတွင်းမှ အလုပ်သမားများမှာ အိပ်ရာဝင်ကုန်ကြသည် ။
နောက်ဆုံးတွင်​တော့ မီးလင်းဖိုရှိရာအခန်းထဲတွင် အနွယ်တော်နှင့် ခင်နေလနှစ်ယောက်သာရှိတော့သည် ။
စကားတပြောပြောဖြင့် မတွေ့ရသည့်ရက်များကို အလွမ်းဖြေနေခဲ့ကြသည် ။
ထိုစဥ်

" ငါ နောက်ကိုယ်ဝန်ရှိနေပြီ အနွယ်တော် "

ဖြည်းအေးစွာပြောလာသော ခင်နေလစကားကြောင့် အနွယ်တော် စက္ကန့်မျှအံ့သြမိသွားရသည် ။

" သတင်းကောင်းပေါ့ ဒုတိယကိုယ်ဝန်အတွက် ဂုဏ်ယူ​ပါတယ် "

အနွယ်တော်က တစ်စက်နှစ်စက်သာကျန်တော့သော ကော်ဖီခွက်ကိုမြှောက်ပြရင်း ပြောလိုက်တော့ ခင်နေလက ခပ်ရေးရေးပြုံးကာရယ်သည် ။

မောင့်သဒ္ဒါ(complete)حيث تعيش القصص. اكتشف الآن